အပိုင်း(၉)

708 46 4
                                    

At Sky Bar

ကျွန်တော် ဒီနေ့ ဟိုကောင်တွေနဲ့တွေ့ဖို့ချိန်းထားတာဖြစ်သည်။ ပီးတော့ ဒီနေ့ဟာ သူတို့နဲ့ အလောင်းအစားလုပ်ထားတာ တစ်လတိတိပြည့်တဲ့နေ့ပေါ့။

ကျွန်တော့်အခြေအနေကို သိချင်လှပါချည်ရဲ့ဆိုလို့ သတော်ဦးတင်ဖို့အတွက်ရောက်နေရခြင်းပေ။

"ဟေ့..bro"

"မတွေ့ရတာတောင်ကြာပြီ..ငါ့ကောင်ကြီး သာယာနေတယ်ထင်ပါ့"

"မင်းတို့ထင်တဲ့အတိုင်းပဲ"

"အဲ့ဆို..ဘဲရီးရဲ့ အချစ်ကိုရပီဆိုပါတော့"

"သေချာတာပေါ့..မင်းတို့ကို မပြောခဲ့ဘူးလား..ငါဆိုတဲ့ကောင် လိုချင်ရင် မရတာမရှိပါဘူးလို့"

"‌ဟုတ်ပါပြီ..ဒါနဲ့..ဘယ်အချိန်သူနဲ့ဇာတ်လမ်းဖြတ်မှာလဲ"

"ဘာကိုလဲ"

"မေ့ချင်ယောင်တော့..မဆောင်နဲ့ငါ့လူ..မင်းကိုတကယ်မချစ်ရဘူးလို့ပြောထားတာလေ..

ဘာလဲ..ချစ်မိသွားတာလား..အဲ့ဆိုမင်းရှုံးပီနော်"

ဟုတ်သားပဲ..ကျွန်တော်ဒီကိစ္စကိုမေ့သွားတာ..

"မမေ့ပါဘူးကွ..ငါသိပါတယ်..အခုမှ..ရည်းစားဖြစ်ခါစလေကွာ..နေပါအုံးအေးဆေးပေါ့"

"ရတယ်လေ..မင်းကို အချိန်နှစ်ပတ်ထပ်ပေးမယ်..အဲ့နှစ်ပတ်ကျော်လို့မှ..မင်းမပြတ်နိုင်ရင်..အရှုံးကိုလက်ခံလိုက်နေနိုင်းခန့်"

"Okလေ"

ဟိုကောင်တွေကို..အကျောမခံချင်တဲ့စိတ်နဲ့ပြောလိုက်ပေမဲ့..မိုင်းကို ကျွန်တော်မပြတ်နိုင်ပါ။

နောင်ခါလာနောင်ခါဈေးပဲ..အခုတော့ ဒီကောင်တွေနဲ့ ရေလိုက်ငါးလိုက်ပြောထားမယ်လို့ စိတ်ကူးထားသည်။

နေနိုင်းမသိလိုက်တာက..တစ်ဖက်ဝိုင်းမှာ ထိုင်နေတဲ့ သူတစ်ယောက်က..သူတို့တွေရဲ့ပြောစကားတွေကို record ယူထားတာကိုပင်။

"ဟက်..ရေကန်အသင့်ကြာအသင့်ပါပဲလား..
ကိုကို့ကို ငါတစ်ယောက်ပဲပိုင်ဆိုင်စေရမယ်"

*.*.*..

မိုင်းစျာန်တစ်ယောက်..ညနက်သည်အထိ..ကုမ္ပဏီရဲ့စာရင်းတွေထဲ ခေါင်းနှစ်နေရင်း စားပွဲခုံပေါ်တင်ထားတဲ့ ဖုန်းလေးကမြည်လာတဲ့အခါမှ ခေါ်ဆိုသူကိုကြည့်မိသည်။

ငယ်သူမို့(Complete)Where stories live. Discover now