အပိုင်း(၃)

744 42 3
                                    

*.*.*

သော့ပိတ်ဂျက်ချထားတဲ့ ငါ့နှလုံးသားထဲကို မင်းဘာသာမင်း အတင်းတိုးဝင်လာခဲ့တာ မောင်..

ကိုယ်သိပ်ချစ်မိပီဆိုမှ ထွက်မသွားဖို့မျှော်လင့်တယ်..

*.*.*

"ရပီ..အဲ့ရှေ့နားလေးပဲ ရပ်လိုက်တော့"

"ဒီအိမ်လား.."

"ဟုတ်တယ်..လိုက်ပို့ပေးလို့ကျေးဇူးပဲ ကောင်လေး"

"နေပါအုံးအကိုရဲ့..အိမ်ထဲကိုမခေါ်တော့ဘူးလား"

"ခေါ်စရာလား"

"မခေါ်ရင်လဲနေပါ..နာမည်လေးပြောပြခဲ့အုံးလေအကိုရဲ့.."

"မပြောချင်ပါဘူး"

"ဘာလို့လဲ..ပြောပြပါနော်..ကျွန်တော်က ခင်ချင်လို့ဟာကို"

"မေးပါအုံးမယ်..မင်းအသက်က ဘယ်လောက်လဲ"

"ကျွန်တော့်အသက်က အကိုလေ"

"ဘာ!..အကောင်းမေးနေတာကို..တော်ပြီ.."

မိုင်းတစ်ယောက် ရှက်ရမ်းတွေရမ်းပြီး..ကားတံခါးဆွဲဖွင့်ကာ ဆင်းရန်ပြင်သည်။

"စတာ..စတာလို့..ကျွန်တော်က ‌လာမဲ့ Mayဆို နှစ်ဆယ်ပြည့်ပီ.."

"အသက်ကဖြင့် ၂၀မပြည့်သေးဘူး..ရှိုးကအပြည့်"

"ဘယ်လိုလဲ..ကျွန်တော်ချောတယ်မဟုတ်လား"

"မင်းက..လိပ်ပဲ.."

"ဟ..ဟ..အကို့နာမည်ပြောအုံးလို့"

"မင်းနာမည်အရင်ပြော"

"နာမည်ဘယ်သူလဲမေးတော့..နေနိုင်းခန့်ပါအကို၊ ဘယ်မှာနေလဲမေးတော့ ရွှေတောင်ကြားမှာနေပါတယ်အကို၊ ဘယ်တွေလုပ်‌လဲမေးတော့ ကျွန်တော်ကျောင်းသားပါအကို.."

"ဟား..ဟားး..မင်း..တအားရုပ်ပြောင်တာပဲ"

မိုင်းကတော့ အရှေ့ကနေဟာသလုပ်ပြနေတဲ့ ကောင်ဆိုးလေးကို ကြည့်ရင်း ပါးချိုင့်လေးပေါ်သည်အထိရယ်မိသည်။

"အကို့..အကိုရယ်ရင်..တအားချစ်စရာကောင်းတာပဲ"

"ဘာချစ်စရာကောင်းတာလဲ!..ကိုယ်က ယောကျားလေးကို"

"ယောကျားလေးလည်း..ချစ်ဖို့ကောင်းလို့ရတာပဲ ၊ မသိဘူး..အကိုက..ကျွန်တော့်မျက်လုံးထဲမှာ ချစ်စရာအကောင်းဆုံးပဲ"

ငယ်သူမို့(Complete)Where stories live. Discover now