အပိုင်း(၇)

922 47 0
                                    

*.*.*..

မောင်သာပန်းတစ်ပွင့်ဖြစ်ခွင့်ရမယ်ဆိုရင်..
မိုင်း..ပန်ဆင်ဖို့..နှင်းဆီတစ်ပွင့်သာ..ဖြစ်လိုပါတယ်..

*.*.*..

ညနေစောင်းချိန်ရောက်သည့်အထိ နှင်းဆီပန်းခင်းထဲကနေ မိုင်းတို့မပြန်ကြသေးပေ။
ပြန်လို့မရ‌သေးတာဆိုရင် ပိုမှန်မယ်ထင်။

မနက်ကမှ ရခဲ့တဲ့ ပူပူနွေးနွေး မိုင်းရဲ့ ရည်းစားဦးလေးက အိမ်ပြန်ဖို့ကို ဂျစ်တိုက်နေလေသည်။ အိမ်ရောက်ရင် နဒီဆိုသော မိန်းခလေးက မိုင်းကို စောင့်နေမှာကို တွေ့ရမည့်အကြောင်းကြောင့်ပင်။

ငယ်သူမို့ တစ်ဇွတ်ထိုးဆန်လှသည့် အကျင့်လေးကို မိုင်းခဗျာ အပြစ်မမြင်နိုင်ပဲ အချစ်တွေသာပို၍ တိုးလာခဲ့တယ်။

"မိုင်း..ဒီနေ့ ကျွန်တော့်အိမ်လိုက်ခဲ့ဗျာ..လေးလေးလည်းရှိတယ်..ဖွားဖွားနဲ့လည်း မိတ်ဆက်ပေးမယ်လေ"

"မဖြစ်ဘူးလေ..မောင်ရယ်..အမေကကိုယ့်ကို စောင့်နေတာလေ"

"ဟာ..မသိဘူးဗျာ...ဟိုမိန်းခလေးနဲ့တွေ့မှာကို မကြိုက်ပါဘူး"

"မောင်ရယ်..ကိုယ်ချစ်တာက..မောင့်ကိုလေ..အရမ်းမတွေးပါနဲ့"

"ချစ်တာကိုတော့..သိတာပေါ့ဗျ..စိတ်မချတာက..မချတာပဲ.."

"ကဲ..အဲ့ဆို..ကိုယ်ဘယ်လိုလုပ်ပေးရမလဲပြော"

"မောင့်အိမ်မလိုက်ရင်..မောင်..မိုင်းအိမ်မှာ ဒီနေ့အိပ်မယ်.."

"ဟို.."

"မရဘူးလို့..‌မပြောနဲ့နော်...စိတ်ဆိုးမှာဗျ"

"စိတ်တော့မဆိုးပါနဲ့ကွာ..ကိုယ့်အိမ်ကိုလိုက်ခဲ့..ဟုတ်ပီလား"

"ပီးရော..ပြန်ကြမယ်"

တကယ့်ကောင်ဆိုးလေး..သူလိုချင်တာမရ မချင်းကို ဆိုးနေတာ။

*.*.*..

တီး‌တောင်..တီးတောင်

"အန်တီ..ကိုကိုပြန်လာပီထင်တယ်"

"ဟုတ်လား..သမီးနဒီ..တံခါးဖွင့်ပေးလိုက်ပါအုံးကွယ်"

"ဟုတ်"

ကျွီ...

"ကိုကို..ပြန်လာပီလား..နဒီဖြင့်ရောက်တာကြာနေပီ"

ငယ်သူမို့(Complete)Where stories live. Discover now