အပိုင်း(၁၃)

884 38 3
                                    

နေနိုင်းတစ်ယောက် မိုင်းကို စိတ်ပူကာ အိမ်ကနေ အလောတကြီးထွက်လာမိသည်။
မိုင်း..ဘယ်လောက်များကြောက်နေလိုက်မလဲ..

တီးတောင်..တီးတောင်

"မောင်!"

"မိုင်း..မျက်ရည်တွေရော..ချွေးတွေရောရွှဲနေတာပဲ"

"မောင့်..မေမေကို ဘယ်လိုလုပ်ကြမလဲဟင်..ကိုယ်အရမ်းစိတ်ပူနေပြီ..တစ်ခုခုစဉ်းစားပေးပါအုံး"

"မိုင်း..စိတ်အေးအေးထားနော်..မောင်လည်း..လေးလေးတို့ကိုပြောခဲ့တယ်...သူတို့လည်း နီးစပ်ရာ ရဲစခန်းကို အမှုဖွင့်ဖို့သွားကြတယ်"

"ရဲတိုင်လိုက်လို့..သူတို့က မေမေ့ကို တစ်ခုခုလုပ်လိုက်မှာစိုးတယ်..မောင်"

"မတိုင်လို့မရဘူးလေ....မောင်တို့အင်အားနဲ့ ဘယ်လိုမှရှာလို့ရမှာမဟုတ်ဘူး"

ထိုစဉ် မိုင်းရဲ့ဖုန်းဆီကို အမည်မသိ ဖုန်းကောလ်တစ်ခုဝင်လာခဲ့သည်။

"မိုင်း...ကိုင်လိုက်.. speaker ဖွင့်ထား..မောင်ရှိနေတာကို သူတို့မသိစေနဲ့"

"ဟလို"

"ကိုကို..နဒီပြောထားတာ..စ‌ဉ်းစားပြီးပီလား"

မောင်က ခေါင်းငြိမ့်ပြကာ အချက်ပြသည့်အတွက် ..မိုင်းဈာန်လည်း..စဉ်းစားပီးပီလို့ဖြေလိုက်သည်။

"အင်း.."

"အဖြေက..ဘယ်လိုလဲကိုကို..နဒီနဲ့လက်ထပ်မှာလား"

"အင်း..ကိုယ်လက်ထပ်မယ်"

"တကယ်ပြောနေတာပါနော်..ကိုကို"

"ကိုယ်ဘယ်တုန်းက ညာဖူးလို့လဲ..မင်းကို လက်ထပ်မှာမို့..ကိုယ့်အမေကို ပြန်ပို့ပေးပါ"

"စကားပဲဆို .. လေထဲမှာပဲ ပျောက်ကွယ်တတ်တယ်ကိုကိုရဲ့.. နဒီအခုပို့လိုက်တဲ့လိပ်စာကို..ကိုကိုတစ်ယောက်တည်း လာခဲ့ပါ..

လက်ထပ်စာချုပ်မှာလက်မှတ်ထိုးပီးမှ..ကိုကို့မေမေ..နဒီ့ယောက္ခမကို ပြန်ပို့ပေးမယ်လေ"

"မင်းသဘောပဲ..ကိုယ်လာခဲ့မယ်"

"အိုကေလေ..စောင့်နေမယ်ကိုကို"

နဒီမိုးနဲ့ ဖုန်းကောလ်လေး ဟာ မိနစ်အနည်းငယ်အကြာမှာပဲ ပီးဆုံးသွားခဲ့သည်။

ငယ်သူမို့(Complete)Where stories live. Discover now