အပိုင်း(၄)

820 54 2
                                    

*.*.*..

ကလေးဆိုးလို ချွဲတဲ့ မင်းပုံစံကိုလည်း..ကိုယ်ချစ်တယ်..

ခပ်မိုက်မိုက်‌ဖြစ်နေတဲ့မင်းကိုလည်း..ကိုယ်ရင်ခုန်တယ်..မောင်..

*.*.*..

မနက် ၈နာရီမှာ နေနိုင်းတစ်ယောက် မိုင်းအိမ်ရှေ့ရောက်နှင့်နေလေပြီ။

ကားထဲကနေ အရိပ်အခြေကြည့်ရသလောက် ဟိုလူကြီး အလုပ်မသွားသေးဘူးထင်တယ်၊ ကားနဲ့တူတာလည်း ခြံထဲမှာ မရှိဘူးဆိုတော့ ဒီနေ့အလုပ်သွားဖို့ ကျွန်တော့်ကို လိုအပ်မှာ ကျိမ်းသေပေ။

ကားပေါ်မှ ဆင်းကာ၊ ခြံဝင်းအပြင်ဘက်ကနေ ကုပ်ချောင်းကုပ်ချောင်းဖြင့် ချောင်းနေမိသည်၊ ထိုစဉ် နေနိုင်း၏အနောက်မှာတော့ မိုင်းရဲ့အမေ ဈေးဝယ်ပြန်ရင်းကနေ ရောက်ရှိနေလေပြီ။

"သားလေး"

"ဗျာ!"

နေနိုင်းမှာ ထူးသာထူးရတာ၊ လန့်သွားတာတော့အမှန်ပင်။ ကိုယ်ချောင်းတာ လူမိသွားခြင်းမဟုတ်လား။ ချွေးဇောတွေပါ ပြန်လာရသည်။

"ဘယ်သူနဲ့တွေ့ချင်လို့လဲကွဲ့"

"အဲ..ဟိုဟာ"

အဲ့ဒါမှ တကယ့်ကွိုင်ပဲ၊ ဟိုလူကြီး နာမည်လည်း မနေ့ညက မသိလိုက်ရဘူးလေ။

"သားမိုင်းရဲ့ အလုပ်ကလား"

သားမိုင်း..သားမိုင်းဆိုတာ ဟိုလူကြီးကိုပြောတာဖြစ်လောက်တယ်။

"ဟုတ်တယ်..ကြီးမေ..အကို့ကို တွေ့ချင်လို့ပါ..သားက သူ့အလုပ်ကတော့ မဟုတ်ဘူးဗျာ့"

"အော်.. မိတ်ဆွေထင်တယ်"

"ဟုတ်ကဲ့"

"လာ..အထဲဝင်လေသား..မင်းအကိုက..အလုပ်သွားဖို့ပြင်နေတုန်းရှိမှာ"

"ဟုတ်..သားလည်း အကို့ကို အလုပ်လိုက်ပို့ဖို့ လာခေါ်တာ"

"ဘယ်လို"

"ဟို..အကို့ကားက မနေ့ကပျက်သွားတာလေ..မနေ့ညကလည်း..ကျွန်တော့်ကားနဲ့ အကို့ကို..လိုက်ပို့တာ.."

"သားမိုင်းက..ညကတော့ ကားပျက်တယ်လို့ပြောထားတာပဲ..ကြီးမေက ကားကပြန်ကောင်းသွားပီထင်တာ..

ငယ်သူမို့(Complete)Where stories live. Discover now