အပိုင်း(၁၁)

762 48 10
                                    

*.*.*..

လမ်းခွဲစကားတော့မပြောလေနဲ့မိုင်း..
မောင်..ရူးသွားတာကို မမြင်ချင်ရင်ပေါ့..

*.*.*..

အဆုံးမရှိတဲ့ နှင်းဆီပန်းခင်းကြီးကိုကြည့်နေရင်း၊ လေပြေလေညှင်းလေးတွေ တိုက်ခတ်သယ်ဆောင်လာတဲ့ နှင်းဆီရနံ့လေးတွေကိုလည်း တဝကြီးရှူရှိုက်မိသည်။

ဘေးနားကနေ အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတဲ့ မောင့်မျက်ဝန်းတွေကိုလည်း ခဏတာ လျစ်လျူရှုထားသည်။ အချိန်ခဏလေးတစ်ခုတော့ ဘာကိုမှမတွေးပဲ၊ မျက်လုံးလေးကိုပိတ်ပြီး သဘာဝကြီးထဲ စီးမြောခံစားထားလိုက်သည်။

ထိုစဉ်အကြားအာရုံထဲကို စီးဆင်းလာတဲ့ ဂီတသံစဉ်လေး၊ ထို့နောက် သာယာသော အသံချိုချိုလေး။

ပိတ်ထားတဲ့မြင်လွှာကို ဖွင့်ကြည့်မိတော့၊ လှပလွန်းတဲ့ ပန်းချီကားတစ်ချပ်ကို တွေ့လိုက်ရသည်။

နီရဲနေတဲ့ နှင်းဆီပန်းခင်းကြီးကို နောက်ခံထားကာ ဂီတာတစ်လက်ဖြင့် သီချင်းဆိုနေသော မောင့်ကိုတွေ့ရခြင်းပေ။

🎼ရင်ခွင်မှာ..ပစ်ပီးလို့စိုက်နေမှ..ဆွဲနှုတ်ဖို့မလုပ်နိုင်ဘူး..ကိုယ့်အသက်ကို..ကိုယ်သနားတယ်..

🎼အကြင်နာတွေပေးပီးလို့..လက်လွန်မှ..မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး..မေ့ရမှာမလွယ်လှပါ..

🎼တခြားလူတွေ..ဖျက်လို့တော့နောက်မဆုတ်ဘူး..စမိတဲ့အချစ်‌တွေကို..ရုတ်သိမ်းဖို့မတောင်းဆိုနဲ့..

🎼မောင့်အသိထဲ..မိုင်းတစ်ယောက်ပဲငဲ့ညာမယ်..တို့နှစ်ယောက်ရဲ့နိဗ္ဗာန်လေး..ဖျက်သိမ်းဖို့မတောင်းဆိုနဲ့..မောင်ဘယ်သူ့မှဂရုမစိုက်နိုင်..

မောင်က ကျွန်တော့်မျက်လုံးကို စိုက်ကြည့်နေရင်း အသနားခံမျက်ဝန်းတွေ‌နဲ့ ဆိုပြနေလေရဲ့။

"မိုင်း..မောင်ဆိုပြတဲ့ သီချင်းထဲကလိုပဲ..မိုင်းနဲ့ လမ်းခွဲရမယ်ဆိုရင်.မောင့်အတွက်တော့..သေတာနဲ့မထူးတော့ဘူး..

ဖြစ်ခဲ့သမျှကို မောင်တောင်းပန်တယ်..
မိုင်းဖြစ်ချင်တာကို အကုန်ပြောပါ..မောင်လိုက်လျောပေးမယ်..

ငယ်သူမို့(Complete)Where stories live. Discover now