အပိုင်း(၂)

937 43 6
                                    

"တောက်.."

"ဟာ့..သားကြီး..ဘာဖြစ်လာတာလဲ"

"ကော်ဖီဆိုင်မှာ..အာရုံတစ်ခုပါကွာ၊ ဝင်တိုက်မိလို့ကော်ဖီပေသွားတာကို..ငါက..တောင်းပန်နေရဲ့သားနဲ့...မမြင်ဘူးလား၊ ဘာလားနဲ့ ကောတာကွ"

"အော်..မင်းကလည်း..စိတ်လျော့ပါကွ"

"သူက..ငါ့ထက်အသက်ပိုကြီးလို့ ရိုရိုသေသေပြောပါတဲ့..ဒါငါ့ကို ..သက်သက်ကြောတာ"

"တစ်မိုးအောက် နေနိုင်းခန့်က ခံလာရတယ်ပေါ့"

"သွားစမ်းပါကွာ..အလကား လေကြီးနေတာ..ငါကိုင်ပေါက်ရင် တစ်ကိုင်စာပဲ"

"ဆိုစမ်းပါအုံးဟ..စိတ်ဝင်စားသွားပြီ"

"လူကောင်က ခပ်သေးသေး၊ ခါးကလည်း ငါ့လက်တစ်ဖက်နဲ့တစ်ပွေ့စာပဲ ၊ အသားအရည်ကလဲ မင်းသမီးအရှုံးပေးရတယ် နုဖက်နေတာ.."

"နေစမ်းပါအုံး..မင်းတို့က ဝင်တိုက်မိရုံလေးမဟုတ်လား..အဲ့လောက်အသေးစိတ် ဘယ်လိုတောင်ကြည့်လာတာလဲ"

ဟုတ်သားပဲ ၊ ဝင်တိုက်မိရုံလေးကို ငါဘယ်လိုများ သူများရဲ့ ခန္ဓာကိုယ်ကို အသေးစိတ်ကြည့်မိပါလိမ့်။

"ငထူးရာ..မင်းနဲ့ ခက်ပါရော့လား..ငနိုင်းတစ်ယောက် မြင်မြင်ချင်း falling in love တာရှိမှာပေါ့"

"ဖြစ်စရာလားကွ ယောကျားအချင်းချင်း...မင်းပဲကြိုက်.."

"ငါ့ကောင်..စကားအကုန်မပြောနဲ့ကွ..ဟ..ဟ"

"အဲ့ဆို မင်းက အဲ့ဘဲရီးကို မကျေနပ်ဘူးပေါ့"

"အေး"

"ငါ့မှာအကြံတစ်ခုရှိတယ်..မင်းစိတ်ဝင်စားလား ငနိုင်း"

"ပြောကြည့်ကွာ..ငါသူ့ကို တစ်ခုခုပြန်လုပ်ရမှ ကျေနပ်မှာ"

"ထုံးစံအတိုင်း လောင်းကြေးစားကြေးလေးပါမှာနော်..ဘယ်လိုလဲ"

"ပြောစမ်းကွာ..ဈေးကိုင်နေတယ်"

"ဒီလို..မင်း..အဲ့ဘဲရီးကို တစ်လအတွင်း ရအောင်လိုက်ကွာ၊ သူပြန်ကြိုက်လာရင် ဖြတ်ပစ်လိုက်၊ လွယ်လွယ်ပြောရရင်ကွာ သူ့အသဲကိုခွဲခိုင်းတာ.."

"ဘာ!!.."

"ဘာလဲ..မင်းမလုပ်နိုင်ဘူးမလား"

"ဟာ့!! နေနိုင်းခန့်ပါကွ..ငါလိုချင်ရင် မရတာ၊မဖြစ်တာမရှိဘူး..သဘောပေါက်"

ငယ်သူမို့(Complete)Where stories live. Discover now