အပိုင်း(၆)

859 49 9
                                    

*.*.*..

မေတ္တာစစ်မှန်လျှင် ပေးစေလိုပါတယ်မောင်..
ချွင်းချက်မရှိ ကိုယ်လက်ခံပါ့မယ်..

*.*.*..

မိုင်းဒီနေ့လည်း နေနိုင်းကိုမျှော်နေမိတယ်၊ ကျွန်တော့်ကို အဆက်အသွယ်ဖြတ်သွားတာ ဒီနေ့နဲ့ဆို တစ်ပတ်ပင်ပြည့်တော့မည်။

ဖုန်းဆက်တော့လည်းမကိုင်၊ အိမ်ကိုသွားတွေ့တော့လည်း လူကမရှိနဲ့တိုးနေရသည်။ နေ့တိုင်းဘေးနားမှာ တွေ့နေကျမို့ မမြင်ရတဲ့အခါမှာတော့ နစ်နစ်သည်းသည်း လွမ်းမိပါသည်။

သူရော ကျွန်တော့်ကိုမတွေ့ချင်ဘူးလား၊ လွမ်းမနေလောက်ဘူးလား၊ တွေးရင်းတွေးရင်းနဲ့ ဝမ်းနည်းလာရပါသည်။

ရင်ထဲကိုရောက်လာခါမှ ပြန်ထွက်သွားမလို့လား..ဌက်ခလေးရေ..ကိုယ့်နှလုံးသားလှောင်အိမ်ထဲကို ဖိတ်ခေါ်ခြင်းမရှိပါဘဲ..မင်းကိုယ်တိုင်ပဲတိုးဝင်လာခဲ့တာလေ...

ပါးပြင်ပေါ်မျက်ရည်စက်တစ်ပေါက်လွင့်စင်လာခဲ့သည်၊ ရာသီဉတုကလည်း ယနေ့ကျမှ အလွမ်းဓါတ်ပိုအောင်ပင် အုံ့မှိုင်းမှိုင်းနဲ့ ပံ့ပိုးပေးနေသလား အောင့်မေ့ရပေသည်။

"လွမ်းတယ်..နေနိုင်း.."

*.*.*..

ကျွန်တော် အကိုနဲ့တစ်ပတ်မတွေ့ဘဲ ကိုယ့်စိတ်ကိုသေချာအောင် စမ်းစစ်နေခဲ့တယ်။

ရလဒ်ကိုသိရတော့ ကျွန်တော်တုန်လှုပ်သွားမိသည့်အထိ.. ကျွန်တော်လေ..အကို့ကို ဟိုး..နှလုံးသား အနက်ရှိုင်းဆုံးတစ်နေရာကနေ ချစ်နေခဲ့တာတဲ့။

သူငယ်ချင်းတွေရဲ့ အလောင်းအစားပယောဂမပါပဲ..စစ်မှန်တဲ့ မေတ္တာနဲ့ချစ်နေမိခဲ့တာ။ ကျွန်တော် စိုးရိမ်တာက..အကို့ရဲ့သဘောထားပင်။

ငယ်သူမို့..ကျွန်တော်ရဲ့အချစ်ကို..မယုံမှာလည်းကြောက်နေမိသည်။

လွမ်းမိပါတယ်..အကိုရေ..

ကျွန်တော့်ခံစားချက်က..သေချာနေပီမို့..အ‌ပြေးလာခဲ့မယ်..

စောင့်ကြို‌မယ်မဟုတ်လား...ကျွန်တော့်ရဲ့..သခင်ငယ်..

*.*.*..

တူ..တူ..တူ..

မိုင်း..ကုမ္ပဏီရဲ့စာရင်းတွေကြည့်နေရင်း..စားပွဲဘေးနားက‌နေ ဖုန်းလေးကမြည်လာခဲ့တယ်။

ငယ်သူမို့(Complete)Where stories live. Discover now