အပိုင်း(၈)

742 48 0
                                    

မြန်မာနိုင်ငံရဲ့ ရာသီဉတုဟာ ယနေ့တော့ နေနှစ်စင်းအပြိုင်ထွက်နေသလားပင် အောက်မေ့ရလောက်အောင် ပူပြင်းလွန်းလှသည်။

"ပူလိုက်တာကွာ..စာလုပ်ချင်စိတ်မရှိတော့ဘူး.."

ကျူတိုရီရယ်နီးနေသဖြင့် အမောင်‌ နေနိုင်းတစ်ယောက် စာအုပ်နဲ့မျက်နှာ ခွာရတယ်လို့မရှိ၊ အသည်းအသန်စာလုပ်နေရသည်။ တစ်နှစ်ပတ်လုံး မလုပ်ခဲ့သမျှ အတိုးချ လုပ်နေရ၍ ပင်ပန်းလွန်းလှပါသည်။

မိုင်းဆီကိုသွားချင်ပေမဲ့..စာမရမချင်းမလာရ အမိန့်ထုတ်ထားတာမို့ မျက်နှာလေးမြင်ချင်တာတောင် သွားမတွေ့ရဲပါ။

"မိုင်းကိုလွမ်းလိုက်တာ..စာရပီလို့လိမ်ပြောပီး သွားတွေ့ရင်ကောင်းမလား..သူသိတာမှတ်လို့.."

ရေမိုးချိုးကာ မိုင်းဆီသွားဖို့ပြင်ဆင်လိုက်သည်။ ပြောလို့ပြောတာမဟုတ် ကျွန်တော် အရမ်းကြည့်လို့ကောင်းတယ်..ဟဲဟဲ..

*.*.*..

"ကြီးမေရေ..ကြီးမေ"

"သား..လာလေ"

"ကြီးမေ..အကိုရော"

"မင်းအကိုလား..သူ့အခန်းရှင်းနေလေရဲ့"

"ဟုတ်လားကြီးမေ..သားအကို့ဆီ ကူလိုက်အုံးမယ်"

"အေးအေး..သားလေး"

မိုင်းတို့အိမ်က နှစ်ထပ်တိုက်ဆိုတော့ မိုင်းအခန်းဆီရောက်ဖို့ကျွန်းလှေခါးကနေ တက်ရပါသည်။ လှေကားကနေတက်ပြီး ဘယ်ဘက်မှာတော့ မိုင်းရဲ့ မိုးပြာရောင် အခန်းလေးရှိလေရဲ့။

သူ့အခန်းထဲကို ကျွန်တော်ဝင်လာတာ အခုထိမသိသေးပေ။ ကျောပေး၍သာ..အဝတ်ပုံတွေကြား ပုံ့ပုံ့လေးထိုင်ကာ သီချင်းညည်းနေလေသည်။

ခြေသံမကြားအောင် တိတ်တိတ်လေး အနားကပ်ကာ မြင်နေရသော ကျောပြင်ကျယ်ကို အားပါးတရ သိုင်းဖက်လိုက်သည်။

ဖက်လိုက်သည့်အရှိန်ကြောင့်ပင် မိုင်းတစ်ယောက် အရှေ့ကိုပင် ယိုင်သွားရသည်။

"ဟိတ်.."

"အဲ့..ပလုတ်တုတ်.."

"မိုင်း..လွမ်းနေတာ"

ငယ်သူမို့(Complete)Where stories live. Discover now