အပိုင်း(၁၀)

941 57 6
                                    

မိုင်းနဲ့ ချစ်သူဖြစ်တာ တစ်လပြည့်နေ့လေးမလို့ နေနိုင်းတစ်ယောက် အပျော်ကြီးပျော်နေလေသည်။

မနက်ခင်းနိုးထကတည်းက ပြတင်းပေါက်နားမှာ တွန်မြည်နေကြတဲ့ ငှက်လေးတွေရဲ့အသံကလည်း အရင်ရက်တွေထက်ပင် သာယာနေသလို။ ကောင်းကင်ကြီးကလည်း ပို၍ကြည်လင်နေသလို..မြင်မြင်သမျှကြည်နူးဖို့ကောင်းလှ‌ပေသည်။

"အော်..အချစ်..အချစ်..တယ်ထူးဆန်းပါလား"

နာရီကြည့်လိုက်တော့ ၉နာရီထိုးနေပီမို့ အချစ်လေးဆီသွားရန် နောက်မကျဖို့အရေးကို မြန်မြန်ဆန်ဆန်လေးပြင်ဆင်ရပေသည်။

*.*.*..

မိုင်းတို့အိမ်ရှေ့ရောက်တော့..ကျွန်တော်ဆင်းခေါ်မလို့ပဲရှိသေးတယ်..မိုင်းက ခြံဝန်းထဲကနေ ထွက်လာခဲ့သည်။

"မိုင်း..မောင်က..ဆင်းခေါ်တော့မလို့"

"မောင့်ကားကိုတွေ့လိုက်လို့လာခဲ့တာ"

"မိုင်းမျက်လုံးတွေကမို့နေတာပဲ..ငိုထားတာလား"

"မဟုတ်ပါဘူး"

"ပြောစမ်းပါဗျာ..ဘယ်သူလဲမိုင်းကိုငိုအောင်လုပ်တာ"

မောင်ကိုယ်တိုင်ပဲလေ..မောင်ကိုယ်တိုင် ကိုယ့်ကို ငိုစေခဲ့တာ..သိရဲ့လား..

"ညက..စာရင်းတွေလုပ်ရင်း အိပ်‌ရေးမဝလို့ပါ"

"တကယ်လား"

"အင်း"

"ပီးရောဗျာ..အခု..မောင်တို့ဘယ်သွားကြမလဲ"

"အရင်တစ်ခေါက်က သွားခဲ့တဲ့ နှင်းဆီခြံကိုသွားချင်တယ်"

"ဖြစ်စေရမယ်ဗျာ..သွားကြမယ်"

*.*.*..

"မိုင်း..ရောက်ပီဆင်းတော့..အိပ်နေတာသိုးနေတာပဲ..မောင့်ခလေးလေးက"

အတုအယောင် အကြင်အနာတွေမပေးပါနဲ့လားမောင်ရယ်..ကိုယ်လက်လွှတ်မပေးနိုင်မှာစိုးလို့ပါ..

မျက်နှာထက်မှာ အပြုံးတစ်ပွင့်ကို ဆင်မြန်းပြီး..မောင်ခေါ်ရာကိုလိုက်ခဲ့လိုက်သည်။
နှစ်ယောက်သား လက်ချင်းတွဲကာ..ပန်းခင်းကြီးအလယ်ကို လျှောက်လာခဲ့သည်။

ငယ်သူမို့(Complete)Where stories live. Discover now