ဇာတ်သိမ်းပိုင်း

1.2K 52 7
                                    

ထင်မှတ်မထားတဲ့ ထိတ်လန့်မှု၊ စိတ်ပင်ပန်းမှုတွေပြီးဆုံးသွားတဲ့အခါမှာ‌တော့၊ လောကကြီးနဲ့ ခတ္တခဏ အဆက်အသွယ်ဖြတ်တောက်ကာနေမိသည်။

အလွန်ပင်စိတ်ထိခိုက်သွားရသည့်အတွက် ဆေးရုံပင်ရောက်သည်အထိ နွမ်းနွယ်ခဲ့ရသည်။

ညကထဲကနေ နောက်နေ့ရောက်သည်အထိ သတိမလည်လာသေးတဲ့ မိုင်းကို ကြည့်ကာ နေနိုင်းတစ်ယောက် ခြေမကိုင်လက်မကိုင်မိ ဆောက်တည်ရာမရ ဖြစ်နေရသည်။

တစ်ညလုံးမအိပ်ဘဲ စောင့်ကြည့်နေခဲ့တာကြောင့် မျက်လုံးများပင် ကျိမ်းစပ်နေခဲ့သည်။

"မိုင်းရယ်..သတိရပါတော့ကွာ..မောင်..စိတ်ပူလှပြီ"

ထိုစဉ် ဆုပ်ကိုင်ထားတဲ့ လက်လေးတွေက အနည်းငယ် လှုပ်ရှားလာခဲ့သည်။ ပိတ်ထားခဲ့တဲ့ မျက်ဝန်းလှလှလေးရဲ့ မျက်တောင်လေးတွေလည်း လှုပ်ရှားစပြုလာခဲ့သည်။

"မောင်"

"မိုင်း..သတိရလာပြီ..ခဏနေအုံးနော်..မောင်..ဆရာဝန်ခေါ်လိုက်မယ်"

"မေမေရော"

"ကြီးမေရှိတယ်..မိုင်း..စိတ်မပူနဲ့နော်..လေးလေးတို့ပြုစုပေးနေတယ်"

"အင်း"

ဆရာဝန်တွေရောက်လာကာ စစ်ဆေးတဲ့အခါမှာ စိတ်ချရတဲ့အခြေအနေဖြစ်ပြီး အားနည်းနေတာကြောင့် အားဆေးတစ်လုံးသွင်းဖို့မှာကြားသွားသည်။

"မောင်"

"မိုင်းရယ်..မောင်ဖြင့်..စိတ်ပူသွားတာ.."

"မအိပ်ရသေးဘူးလား.."

"မအိပ်နိုင်ပါဘူးဗျာ..မိုင်းကိုစိတ်မချဘူးလေ"

"အဲ့လောက်တောင်ချစ်တာပေါ့"

"ဒါပေါ့..မောင့်ဘဝမှာ..မိုင်းကိုအချစ်ဆုံး"

"ဟုတ်ပါပြီ..ယုံလိုက်ပါမယ်"

"ဆရာဝန်ကပြောသွားတယ်..အခုသွင်းထားတဲ့ အားဆေးကုန်ရင် အိမ်ပြန်လို့ရပီတဲ့"

"အင်းပြန်ကြတာပေါ့မောင်..မေမေတို့စိတ်ပူနေလိမ့်မယ်"

*.*.*..

အားဆေးသွင်းတာ ပြီးသွားပြီဖြစ်တဲ့အတွက် နှစ်ဦးသားအိမ်ကိုပြန်လာခဲ့သည်။ မိုင်းက အားနည်းနေသေးသည့်အတွက် ကားပေါ်ကနေ ဆင်းတဲ့အခါ ချီ၍သာအိမ်ထဲကို ခေါ်လာခဲ့သည်။

ငယ်သူမို့(Complete)Where stories live. Discover now