Extra Episode

818 30 4
                                    

တစ်ပတ်တာ အလုပ်တွေ ကျောင်းတွေကြိုးစားတက်ရောက်ပြီး နောက်ဆုံးတော့ လူတိုင်းမျှော်နေရတဲ့ အပတ်စဉ်ပိတ်ရက်လေးကို ရောက်ရှိလာခဲ့ပြီဖြစ်သည်..

မိုင်းတို့အိမ်လေးလည်း ပိတ်ရက်ဆို တစ်အိမ်လုံး နားနားနေနေ နေကာ အစားအသောက်တွေ ချက်ပြုတ်စားရင်း မိသားစုလေးနဲ့ပဲ အချိန်ကုန်ဖြစ်တာများသည်။

အဲ..အခုတစ်ပတ် ပိတ်ရက်ကတော့ ထူးထူးခြားခြား အစီအစဉ်လေးတစ်ခုရှိသည်။ ထိုအရာကို လုပ်ဆောင်ဖို့အတွက် မိုင်းဈာန်နဲ့ ရင်နှစ်သည်းချာလေးတို့ ပြင်ဆင်နေရင်း သွေးအေးတိုက်ပွဲ ဆင်နွဲနေကြလေရဲ့။

တစ်ယောက်သောသူကတော့ ခြေကားယား လက်ကားယားနဲ့ စက်တော်ခေါ်နေဆဲပင်။

"သံဇဉ်မောင်!!!"

"ဂျာ.."

"ပါးပါး စိတ်ဆိုးလာပီနော်.."

"ပါးပါးကလဲ..မောင်က..အဲ့ဒီအကျီမဝတ်ချင်ဘူးလို့"

"ဘာ..မောင်လဲ..သားလို့ပြောစမ်း"

"အဲ့ဒါ..ပါးပါး မတရားတာပဲ..ဒယ်ဒီကျတော့..မောင်လို့ပြောခိုင်းပီးတော့"

ဟိုတစ်ယောက်ကိုလည်း မိုင်းဈာန်မကျေနပ်ပါ။ ကလေး‌ရှေ့ကို မောင်လို့မပြောပါနဲ့လို့ပြောထားတာကို ဂရုမစိုက်ပါ။ တမောင်မောင်နဲ့..ချဉ်ပေါင်းသည်လား အောက်မေ့ရသည်။

အခုတော့ကြည့် ကလေးက အတုမြင်အတတ်သင်ပြီး မောင်လို့ပြောနေပီ။ ဘယ်လိုမှပြင်ပေးလို့မရ။

"ထားကွာ..အခုဒါကိုဝတ်ရမယ်..မဝတ်ရင်မသွားဘူး"

"ဟင့်..ဒယ်ဒီနဲ့တိုင်ပြောမယ်..ဒယ်ဒီရေ..ဒယ်ဒီ!!"

ကျ မနေတဲ့ မျက်ရည်ကို ညှစ်ထုတ်ကာ အသံပြဲနဲ့အော်ရင်း သူ့ဒယ်ဒီဆီပြေးသွားလေရဲ့..

"အံ့ဩပါ့..ငါက..သူ့ဒယ်ဒီကို ကြောက်တယ်များထင်နေလား"

*.*.*..

ဒုန်း..

"ဒယ်ဒီ..ဟင့်.."

အွတ်..

အိပ်မောကျနေသော နေနိုင်းခန့် ခမျာ့ ဗိုက်ပေါ်ကို အဝတ်ထုတ်ကြီး ပြုတ်ကျသလို တက်ထိုင်ခံလိုက်ရတာကြောင့် အသံပင်ထွက်မိသည်။

ငယ်သူမို့(Complete)Where stories live. Discover now