အပိုင်း(၅)

767 48 7
                                    

*.*.*..

နှလုံးသားခိုးယူဖို့ ကြိုးစားခဲ့ပေမဲ့၊
တကယ်တမ်း..အခိုးခံလိုက်ရတာက..
မောင့်နှလုံးသားလေးဖြစ်နေခဲ့တာ...မိုင်း..

*.*.*..

ရက်သတ္တပတ် တစ်ပတ် ကုန်လွန်ပီးချိန်မှာတော့ နေနိုင်းခန့်ဆိုသော ကောင်ငယ်လေးနဲ့၊ မိုင်းဈာန်ဆိုသော ကောင်းလေးနှစ်ယောက်ရဲ့ ရင်းနှီးမှုတွေက ပို၍ ပို၍တိုးပွားလာခဲ့တယ်။

ဗျာ..ကျွန်တော်အခုဘာလုပ်နေလဲ..ဟုတ်လား..

အင်း..ဘာလုပ်နေလဲဆိုတော့...စာဖတ်သူတို့ ခန့်မှန်းကြည့်ပါလား..

အရိပ်အမွက်ပြောရရင်..အိမ်တိုင်ရာ‌ရောက်လာဂျစ်နေသော တစ်ယောက်သောသူရဲ့ စကားတွေကို နားထောင်ပေးနေရပါသတဲ့ဗျာ။

"ကိုမိုင်း...လို့!!..အကို့"

"ဟင်..ပြောလေ"

"ကြည့်..တွေ့လား..ကျွန်တော်ပြောနေတာကို..အာရုံမထားဘူး"

"ထားပါတယ်ကွာ..ပြန်ပြောနော်"

"မနက်ဖန်စနေ..အပြင်ထွက်လည်မယ်လို့"

"အကိုနဲ့လား"

"အကိုနဲ့ပေါ့..ဘယ်သူနဲ့လည်ရမှာလဲ"

"အကို..မအားဘူး..နေနိုင်းရ"

"ဟာ...ဘာလို့လဲ"

"အမေက အဲ့နေ့ကို ကြင်ဖက်တွေ့ခိုင်းထားလို့"

"ဘာ!!!"

"လန့်လိုက်တာကွာ..ဘာလို့အော်တာတုန်း"

"ကြင်ဖက်..တွေ့မယ်..ဟုတ်စ"

"အင်းလေ"

"မတွေ့ရပါဘူး"

"မရဘူးလေကွာ..ချိန်းထားပီးသားကို"

"အကိုက..ကျွန်တော့်ထက်..သူ့ကို ပိုအရေးပေးတာပေါ့..ဟုတ်လား"

"မဟုတ်ဘူးလေကွာ..နေနိုင်းက..စောစောစီးစီးပြောရင်..အကို..အချိန်ရွေ့ထားမှာပေါ့..အခုက..မနက်ဖန်ပဲသွားတွေ့ရတော့မှာကို"

"မနက်ဖန်လည်းမရဘူး..နောက်‌နေ့လည်းမရဘူး..အကို့..မသွားနဲ့နော်..နော်လို့"

"အဲဗျာ..ဘာလို့..မျက်ရည်တွေဝိုင်းလာတာတုန်း"

ကျွန်တော်..တကယ်ပင်မသိပါ..အကိုက..ကြင်ဖက်တွေ့မယ်ဆိုတော့..စိတ်ထဲမှာ..ဝမ်းနည်းလာသည်။

ငယ်သူမို့(Complete)Where stories live. Discover now