မင်းသားငယ် Jeonghanဟာ မနက်စာ စားဖို့ကို စိတ်မပါ ဖြစ်နေတယ်။ အစေခံတွေ ပြင်ဆင်ပေးထားသည်ကလည်း ပြည့်စုံသည်ထက်ပင် ပိုနေပေမယ့် ခံတွင်းမတွေ့ပဲ စိတ်အစဥ်တို့ဟာ ပျံ့လွင့်နေတယ်။
ဘေးကနေ ရပ်ကြည့်နေတဲ့ Seungcheolက မနေနိုင်စွာ ဘေးနားရောက်လာကာ မင်းသားငယ်အား ပုခုံးလေးပုတ်လိုက်တော့ လှည့်ကြည့်လာတယ်။
"မင်းသားငယ် မနက်စာ သုံးဆောင်အုံးလေ လက်ဖက်ရည်တွေ အေးကုန်တော့မယ်"
"အင်း....အိမ်ရှေ့စံကို စိတ်ပူနေလို့ စားမ၀င်ဖြစ်နေတာ ခုချိန် သူ မနက်စာရော စားရပါ့မလားလေ"
အိမ်ရှေ့စံဖြစ်တဲ့ ညီတော်Mingyuအပေါ် စိုးရိမ်စိတ် ကြီးမားနေတာကြောင့် စိတ်တို့ညစ်ညူးနေတဲ့ Jeonghanကို Seungcheolမကြည့်ရက်တော့ပေ။ ဘေးက ခုံတွင် ၀င်ထိုင်လိုက်ကာ Sandwichတစ်စိတ်ကို ခက်ရင်းနဲ့ ယူပြီး Jeonghanရဲ့ နှုတ်ခမ်းနား တေ့ပေးလာတော့ Jeonghanက မျက်လုံး၀ိုင်းလေးတွေနဲ့ လှည့်ကြည့်လာတယ်။
"အယ်...Seungcheol shi...အဲ့လောက်ထိ မလိုပါဘူး"
"မလိုပါဘူးသာ ပြောတာ မင်းသားငယ် မစားပဲထိုင်နေတာ ၁နာရီ နီးပါးရှိပြီ မင်းသားငယ်စားမှ ကျန်းမာမှ အိမ်ရှေ့စံ ပြန်လာရင် ကြိုဆို နိုင်မယ်လေ ပြီးတော့ ကျွန်တော့်Bossက အိမ်ရှေ့စံကို အငတ်တော့ မထားပါဘူး စိတ်ချပါ"
"ဟုတ်ပါပြီ Seungcheolစကားကို နားထောင်ပြီး ကျွန်တော်စားပါ့မယ်နော် ပေးပါ ကျွန်တော့်ဘာသာ စားပါ့မယ်"
"ဟုတ်...ဟုတ်ကဲ့ ကျွန်တော် စိတ်လောသွားလို့ပါ တောင်းပန်ပါတယ်နော်"
Seungcheolလည်း လက်ထဲက ခက်ရင်းကို Jeonghanလက်ထဲ လွှဲပေးပြီး တောင်းပန်စကားပြောတော့ Jeonghanက ခပ်ဖွဖွလေး ရယ်ရှာတယ်။
"Seungcheolက အမြဲ ရိုသေနေတာပဲ ကျွန်တော်တို့ အသက်တူတူလောက်ပဲထင်တယ် စကားကို သက်တောင့်သက်သာ ပြောလို့ရပါတယ်"
"အာ....ဖြစ်ပါ့မလား ကျွန်တော်တို့က အဆင့်အတန်းချင်းမှ မတူတာ မင်းသားငယ်ရယ်"
Jeonghanက မုန့်စားနေရင်း Seungcheol ပြောတာကို ကြားတော့ စားလက်စရပ်ကာ ပြောလေတယ်။
YOU ARE READING
𝐊𝐢𝐥𝐥 𝐌𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮𝐫 𝐋𝐨𝐯𝐞 (𝐒𝐞𝐚𝐬𝐨𝐧-1)
FanfictionOmegaverse Type Minwon Fanfiction Myanmar Start Date-May 4 2024