23

1.2K 145 45
                                    

     

        မြို့တော်၀န်ရဲ့ ဘင်္ဘောကိစ္စကို စောင့်ကြည့်ရန် Hansolတို့ အဖွဲ့အား တာ၀န်ပေးထားပြီး Wonwooနဲ့ Seungcheolကတော့ မပြီးပြတ်သေးတဲ့ Hotelတိုးချဲ့ရေးအတွက် အလုပ်ဆက်လုပ်နေကြတယ်။

      Mingyuကလည်း ​ဘူဆန်မှာ ဟောပြောပွဲတစ်ခုရှိတာကြောင့် Jeonghanနဲ့ အတူတူ မနေ့ကတည်းက Private Jetနဲ့ ထွက်ခွာသွားလေတယ်။

   
      Wonwooနဲ့ Seungcheolတို့ အောက်လက်ငယ်သားတွေနဲ့ အတူ သူပိုင်ဆိုင်သည့် Dearအမည်ရ Hotelမှာ အတွင်းပိုင်းပြင်ဆင်ရေးအတွက် ရောက်ရှိနေကြတယ်။ နာမည်ကြီး Designerကို ခေါ်ယူကာ Hotelရဲ့ Restaurantနဲ့ Barခင်းကျင်းသည့် အထပ်ကို ပြုပြင်ရန် ဆွေးနွေးနေကြတယ်။ နေ့လည်ရောက်တော့ အလုပ်ကိစ္စပြီးပြီ ဖြစ်တာကြောင့် Hotelမှာပဲ နေ့လည်စာစားကာ ရုံးခန်းရှိရာဆီ ထွက်လာခဲ့တယ်။

     
"အာရီဂူးးးး....ငါတို့Boss မတွေ့ရတာ အရမ်းကြာနေပြီပဲ"

    ရုံးခန်းအရှေ့ရောက်တာနဲ့ Seungkwanက Wonwooဆီ ပြေးလာကာ အရင်ဆုံး ဖက်လေတယ်။

"အမယ်လေးးး....၂ပတ်ကျော်လောက်လေး မလာလိုက်ပါတယ် ဖြစ်နေတာ"

      Wonwooက သူ့ကိုဖက်ထားတဲ့ Seungkwanကို တွန်းထုတ်ရင်း ပြောတော့ Seungkwanက ဖက်ထားတာကို လွှတ်ပေးလာတယ်။

"Boss....အထဲမှာ Bossမိဘတွေ ရောက်နေတယ်"

"အင်းးး....ကောင်းပြီ"

      Wonwooက မိဘတွေနဲ့ မတွေ့ရတာကြာပြီ ဖြစ်တာကြောင့် ရုံးခန်းမှာပင် ချိန်းထားခြင်းဖြစ်တယ်။ ရုံးခန်းထဲကို Seungcheolနဲ့ အတူ ၀င်လာခဲ့လိုက်တယ်။ အဖေနဲ့ အမေဖြစ်သူက Wonwooကိုတွေ့တာနဲ့ ထလာကာ အမေဖြစ်သူက ဖက်ထားလေတယ်။

"အမယ်လေးးး....ငါတို့သားလေး မတွေ့ရတာ ကြာတော့ ပိန်သွားလိုက်တာ..."

"အမေကတော့...အဖေနဲ့ ပျော်နေတယ် ထင်ပါ့ ၀လာလိုက်တာ"

      Wonwooက အမေကို ပြန်ဖက်ထားရင်းမှ ရယ်ရင်းပြောတော့ အမေဖြစ်သူကလည်း ရယ်လေတယ်။ အဖေဖြစ်သူ Mr.Jeonကတော့ မတ်တပ်ရပ်ရင်း ပြုံးကာ ကြည့်လို့နေတယ်။

"ကဲ....ငါ့သား လာထိုင်ပါအုံး"

"ဟုတ်ကဲ့ အဖေ"

𝐊𝐢𝐥𝐥 𝐌𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮𝐫 𝐋𝐨𝐯𝐞 (𝐒𝐞𝐚𝐬𝐨𝐧-1)Where stories live. Discover now