32

1.1K 109 25
                                    




Wonwooတို့ ထွက်သွားပြီး နောက်တစ်ရက်...




        Seungcheolနဲ့ Jeonghanတို့ ချစ်သူတွေ ဖြစ်ပြီး ပထမဆုံးအနေနဲ့ Dateရမှာမလို့ Seungcheol ရင်တွေအရမ်းတုန်နေလေတယ်။ Dateပေမယ့် ၀တ်လာမိတာက ပုံမှန်လို shirtအနက်ကို တံတောင်ဆစ်ထိ ခေါက်တင်ထားကာ style pantအနက်နဲ့ တွဲ၀တ်ထားလေတယ်။ ကားမောင်းလာရင်းမှ နန်းတော်ရှေ့ရောက်တော့ ရပ်လိုက်ပြီး ကားမှန်ကနေ မြင်နေရတဲ့ ကိုယ့်ပုံကို ကြည့်ကာ အရှေ့ကျနေတဲ့ ဆံပင်တစ်ချို့ကို သပ်တင်လိုက်တယ်။ ပြီးနောက် ကားပေါ်ကနေဆင်းကာ ဟိုကြည့်သည်ကြည့်နဲ့ မတ်တပ်ရပ်နေတုန်းရှိသေး ကိုယ်ရံတော် ၂ယောက်နဲ့အတူ လမ်းလျှောက်လာတဲ့ Jeonghanကို တွေ့လိုက်ရတယ်။

       Jeonghanက သူ့နဂိုပုံစံလေးအတိုင်း ပိုးဇာနဲ့ချုပ်ထားတဲ့ လည်ပင်းအကွပ်ပုံစံ လက်ကျ Blouseလေးကို အပြာနုရောင် ဘောင်းဘီရှည်နဲ့ တွဲ၀တ်ထားကာ shoeဒေါက်အဖြူလေးနဲ့ စီးထားလေတယ်။ ဘေးလွယ်အိတ်အဖြူလေးတစ်လုံး လက်ထဲလွယ်လာပြီး နေကာမျက်မှန် အ၀ါလေးတပ်လာသေးတယ်။ Seungcheolရပ်နေတဲ့ အနားရောက်တော့ ကိုယ်ရံတော်တွေက အရိုအသေပေးကာ နန်းတော်ထဲ ပြန်၀င်သွားလေတယ်။ အဲ့တော့မှ Jeonghanက Seungcheolအနားပြေးလာကာ ပြုံးလျက်ပြောလာတယ်။

"Seungcheol shi....ဒီနေ့ နှစ်ယောက်တည်းပဲ သွားကြမယ်နော် အဆင်ပြေတယ်မလား"

      ပြုံးလျက်ပြောလာတဲ့ Jeonghanရဲ့ မျက်နှာလှလှလေးကြောင့် Seungcheolခမျာ အသက်ရှုဖို့တောင် မေ့မလိုပင်။ ပြီးမှ ပင့်သက်တစ်ချက်ရှိုက်ကာ ပြန်ဖြေလိုက်တယ်။

"အဆင်ပြေတာပေါ့...အရမ်းကို ပြေတယ်...ကားပေါ်တက်ပါ"

      Seungcheolက ကားတံခါးကို အမြန်ဆွဲဖွင့်ပေးရင်း ခါးကိုင်းကာ ပြောတော့ Jeonghanက အသည်းယားစရာကောင်းအောင် ပြုံးလိုက်ရင်း ကားထဲ ၀င်ထိုင်လိုက်တယ်။ Seungcheolလည်း ကားပေါ်တက်လိုက်ရင်း နှစ်ယောက်အတူ သွားဖို့လုပ်ထားတဲ့ Sushiဆိုင်ရှိရာဆီ ထွက်လာခဲ့ကြတယ်။



#####



       Bookingယူထားတဲ့ Sushiဆိုင်က ဂျပန်စတိုင် ပြုလုပ်ထားကာ အခန်းတွေကအစ အသေးစိတ် တူအောင် ပြင်ဆင်ထားလေတယ်။ ဆိုင်ရောက်တော့ ၀န်ထမ်းလေးက Bookingယူထားတဲ့ အခန်းဆီ လိုက်လံပို့ဆောင်ပေးတယ်။ အခန်းရောက်တော့ နှစ်ယောက် စားပွဲရဲ့ တစ်ဖက်ဆီမှာ ထိုင်လိုက်ပြီး Jeonghanက Menuကြည့်ကာ မှာယူလိုက်တယ်။ စားစရာ မှာထားပြီး မရောက်လာခင်စပ်ကြားမှာ နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက်ပင် မကြည့်ပဲ အနေရခက်သလို ဖြစ်နေလေတယ်။

𝐊𝐢𝐥𝐥 𝐌𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮𝐫 𝐋𝐨𝐯𝐞 (𝐒𝐞𝐚𝐬𝐨𝐧-1)Where stories live. Discover now