နောက်နေ့မနက်....
ပြတင်းပေါက်ကနေ၀င်လာတဲ့ နေရောင်ခြည် စူးစူးကြောင့် Mingyuအိပ်နေရာကနေ နိုးလာရတယ်။ တစ်ကိုယ်လုံးက ပင်ပန်းထားသမျှ ပေါ့ပါးနေသလို ခံစားချက်နဲ့အတူ လန်းဆန်းနေတာကြောင့် အိပ်ယာမှ ထကာ ပြုံးလိုက်မိသေးတယ်။
ကိုယ်ပေါ်မှာ အ၀တ်အစား ရှိမနေသည်ကို သတိထားမိတော့ အနည်းငယ် လန့်သွားရတယ်။
ဘေးဘက်ကို ကြည့်လိုက်တော့ အိပ်ယာထဲမြုပ်နေအောင် အိပ်ပျော်နေတဲ့ Wonwooကို တွေ့လိုက်ရတာကြောင့် ရန်တွေ့မည့်အတွေးဖြင့် စောင်ကို ဆွဲဖယ်လိုက်တော့ လည်ပင်းနဲ့ ရင်ဘတ်တွေမှာ အနီကွက်တွေ ဖြစ်နေတာ တွေ့လိုက်ရတယ်။Wonwooပုံစံကလည်း အိပ်ပျော်နေတာလား သတိလစ်နေလားတောင် မသဲကွဲပေ။ Mingyu မနေ့ညက ဘာတွေဖြစ်ခဲ့လဲ ပြန်စဥ်းစားကြည့်ကာမှ အတော်လေး ထိတ်လန့်သွားရတယ်။
Flash Back.....
လုံး၀ အသိစိတ် လွတ်နေတဲ့ Mingyuဟာ Wonwooကို လုံးမ မလွှတ်ပေးပဲ Wonwooရဲ့ လက်နှစ်ဖက်ကို သူ့ရဲ့ သန်မာတဲ့ လက်တစ်ဖက်တည်းနဲ့ ဆွဲချုပ်ထားကာ Wonwooရဲ့ နှုတ်ခမ်းတွေကို နမ်းလာတယ်။
Wonwoo အားရှိသလောက် ငြင်းဆန်ကာ ရုန်းကြည့်သော်လည်း Pheromoneတွေနဲ့ ဖိနှိပ်ထားတာကြောင့် လုံး၀ အလုပ်မဖြစ်ပေ။ Mingyuကတော့ နမ်းနေရင်းမှ ရပ်လိုက်ကာ အောက်က pheromoneတွေကြောင့် နာကျင်နေတဲ့ Wonwooရဲ့ မျက်နှာကို မျက်လုံးနီတွေနဲ့ အရသာခံကြည့်ရင်း သွားစွယ်တွေ ပေါ်အောင် ပြုံးလာတယ်။
"ဟားးးးး အရမ်းလှတာပဲ မထိန်းနိုင်တော့ဘူး"
Wonwoo ဘာမှလည်း ပြန်ပြောချိန် မရလိုက်သလို ဘာမှလည်း ပြန်မတွန်းလှန်နိုင်ခဲ့ပေ။
Mingyuက ရမ္မက်တွေ ပြည့်နေတဲ့ အကြည့်တွေနဲ့ Wonwooကိုယ်ပေါ်က အ၀တ်တွေကို ဆွဲဖယ်ပစ်ပြီး လည်ပင်းနဲ့ ရင်ဘတ်ဖြူဖြူလေးတွေကို သွားစွယ်တွေနဲ့ ကိုက်ခဲလာလေတယ်။
"အင့်...မင်း ဖယ်...ရပ်တော့"
Wonwooအားရှိသမျှ အသံထွက်ကာ တားသော်လည်း Mingyuရဲ့ အပြုအမူတွေက ရပ်မသွားတဲ့အပြင် ပို၍သာ ဆိုးလာတယ်။
YOU ARE READING
𝐊𝐢𝐥𝐥 𝐌𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮𝐫 𝐋𝐨𝐯𝐞 (𝐒𝐞𝐚𝐬𝐨𝐧-1)
FanfictionOmegaverse Type Minwon Fanfiction Myanmar Start Date-May 4 2024