Mingyuဆေးရုံမှာနေတာ တစ်ညရှိပြီ။ ခုချိန်ထိ Jeonghanသတိမရသေးပေ။ အားလုံးကလည်း အတော်လေး စိုးရိမ်နေကြလေတယ်။ Mingyuလည်း Jeonghanကို အစောင့်တွေနဲ့ ထားခဲ့ပြီး နေ့လည်စာစားရန် ထွက်လာခဲ့တယ်။
"ဟုတ်သား...သူ့ကို မေ့နေမိတာပဲ"
ဆေးရုံက အထွက်မှာပဲ ရှိသေးတုန်း ရုတ်တရက် အတွေးထဲ ၀င်ရောက်လာသူကတော့ Wonwooပင်။ မနေ့ညနေတည်းက အကိုတော်ကိုသာ စိုးရိမ်စိတ် ပြင်းပြနေမိတာကြောင့် Wonwooကို ဂရုမထားမိပဲ ဒီတိုင်းထားခဲ့မိလေတယ်။ သူဆေးရုံမှာပဲ ရှိနေလားဆိုတာလည်း မသိတာကြောင့် Seungcheolကို မေးရန် ဆေးရုံထဲသို့ တစ်ဖန် ပြန်၀င်လာခဲ့လေတယ်။
"ဒီမှာ...Jeon Wonwooဘယ်မှာလဲ ဆေးရုံမှာပဲလား"
Mingyuက Jeonghanရဲ့ အခန်းရှေ့မှာ ရပ်ကာ တာ၀န်အရ စောင့်ကြပ်နေတဲ့ Seungcheolနားကပ်သွားကာ မေးလိုက်တယ်။
"မနေ့က Hanseolပြောတာတော့ အတင်း အိမ်ပြန်မယ်ဆိုပြီး ပြန်သွားတယ် ပြောပါတယ်"
"ဟုတ်လား...သူ့ph no.ပေး"
"ဟုတ်ကဲ့ ဒီမှာပါ"
Seungcheolလည်း contactမှတ်ထားတဲ့ Wonwooရဲ့ နံပါတ်ကို ပြလိုက်တော့ Mingyuက ချက်ချင်း phနဲ့နှိပ်ကာ ဆက်လိုက်တယ်။ သို့သော်လည်း တော်တော်နဲ့ phမကိုင်တာကြောင့် စိတ်ပူသွားမိကာ သူ့အိမ်ဆီ လိုက်သွားရန် ပြင်လိုက်တယ်။
"အကိုတော် သတိရလာရင် Victorဆီ ဆက်သွယ်လိုက် ငါသူ့ဆီ သွားလိုက်အုံးမယ်"
"ဟုတ်ကဲ့ အိမ်ရှေ့စံ စိတ်ချသွားပါ"
Mingyuလည်း Seungcheolကို အမိန့်ပေးပြီးတာနဲ့ Victorနဲ့အတူ Wonwooအိမ်ရှိရာဆီ ထွက်လာခဲ့လိုက်တယ်။ အိမ်ရှေ့ရောက်တာနဲ့ ကားတံခါးဖွင့်ကာ အမြန်ပဲ ခြံထဲ၀င်ပြီး အိမ်တံခါးဘဲလ်ကို နှိပ်လိုက်တယ်။ သို့သော် တံခါးဖွင့်မလာတာကြောင့် ရင်ထဲ ဒိန်းခနဲဖြစ်သွားရကာ Victorမှ တစ်ဆင့် Seungcheolဆီ phဆက်လိုက်လေတယ်။
"Jeon Wonwooရဲ့ အိမ်passwordသိလား"
"အေး...သိရင် အခုပြော 1996 အိုခေ ဒါပဲ"
passwordသိရတာနဲ့ ချက်ချင်းဖွင့်ပြီး အိမ်ထဲ အမြန်၀င်ခဲ့လိုက်တယ်။
YOU ARE READING
𝐊𝐢𝐥𝐥 𝐌𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮𝐫 𝐋𝐨𝐯𝐞 (𝐒𝐞𝐚𝐬𝐨𝐧-1)
FanfictionOmegaverse Type Minwon Fanfiction Myanmar Start Date-May 4 2024