22

1.2K 144 44
                                    

နှစ်ရက်ခန့်ကြာသော်

ယနေ့ မြို့တော်၀န် Leeဟာ မင်းကြီးနဲ့ ဆွေးနွေးစရာ ကိစ္စရှိတာကြောင့် နန်းတော်ထဲ ၀င်လာခဲ့တယ်။ မင်းကြီးရဲ့ စာကြည့်ခန်း အဆောင်မှာပဲ တွေ့ဆုံမည်ဖြစ်တာကြောင့် တစ်ဦးတည်း ရောက်လာခဲ့လေတယ်။

"မင်းကြီး...ဘာကိစ္စ ရှိလို့လဲခင်ဗျာ"

"အထွေအထူးရယ် မဟုတ်ပါဘူး....ဒီလကုန် ဆိပ်ကမ်းမှာ ဆိုက်ရောက်မယ့် နိုင်ငံခြား သင်္ဘောတွေရဲ့ စာရင်းကို မြို့တော်၀န်ကို တာ၀န်ပေးချင်တယ်"

"ခင်ဗျာ....ဟုတ်ကဲ့ အမှားအယွင်း မရှိအောင် လုပ်ဆောင်ပါ့မယ်"

မင်းကြီးရဲ့ စကားကို ကြားတော့ မြို့တော်၀န်ဟာ ခေါင်းငုံ့ကာ အရိုအသေပေးနေရင်းမှ ပြုံးလိုက်မိတယ်။ သူ့ရဲ့ အစီအစဥ်တွေကို မင်းကြီးက လမ်းခင်းပေးနေတာပဲဟု တွေးလိုက်မိတယ်။

"ပြောချင်တာကတော့....အဲ့တာပါပဲ မြို့တော်၀န်Lee....ခြေလှမ်းတော့ မပျက်စေနဲ့ပေါ့"

မင်းကြီးကလည်း ပါးနပ်သူပီသစွာ စကားကို တစ်ဖက်လှည့်နဲ့ ပြန်ပြောလာလေတယ်။ အမှန်ဆို တမင် ဒီကိစ္စကို မြို့တော်၀န်အား တာ၀န်ပေးလိုက်ခြင်းပင်။ မြို့တော်၀န်လည်း အထာနပ်သွားပြီး ချိုသာစွာ ပြုံးလိုက်ရင်း တုံ့ပြန်လေတယ်။

"ကျွန်တော်က ဘယ်လိုလူမျိုးလဲ ဆိုတာ မင်းကြီးလည်း သိမှာပါ"

"အင်း...အဲ့တာထားပါလေ တံတားဆောက်နေတဲ့ ကိစ္စက ဘာလို့ ကုန်ကျငွေ ထပ်တောင်းထားရတာလဲ အပြီး ထုတ်ပေးပြီးသားနော်"

"အော်....အဲ့တာက ဒီလိုပါ ဂျပန်က နည်းပညာ ၀ယ်ယူထားတာကြောင့်လေ...ကြေးအနည်းငယ် များသွားလို့ပါ"

မြို့တော်၀န်ဟာ သူ့အပြစ်သူ အရဖုံးကာ စကားလွှဲပြောလာလေတယ်။ မင်းကြီးက ထိုစကားကြားတော့ ဟက်ဟက်ပက်ပက် ရယ်လာလေတယ်။

"အော်....ကိုယ်တော့် နိုင်ငံက နည်းပညာပိုင်း ထွန်းကားရဲ့သားနဲ့ သူများနိုင်ငံကနေ နည်းပညာ ၀ယ်ယူရတဲ့အထိ ဖြစ်နေပါရော့လား"

မင်းကြီးရဲ့ စကားကြောင့် မြို့တော်၀န်ဟာ အဖြေပြန်ပေးရန် အနည်းငယ် အကြပ်ရိုက်သွားရတယ်။ သူလာဘ်စားတာတွေကို မင်းကြီးက သိနေတာပဲဆိုသည့် အတွေးက ပိုလို့ပင် စိတ်ကို ထိခိုက်စေတယ်။ လာဘ်စားထားသမျှ ငွေတွေဟာ ယခု သူခေါ်ယူထားတဲ့ ဂျပန် ယာကူဇာ ကြေးစားတွေအတွက် အခကြေးငွေအဖြစ် ပေးရမည်ပင် ဖြစ်လေတယ်။

𝐊𝐢𝐥𝐥 𝐌𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮𝐫 𝐋𝐨𝐯𝐞 (𝐒𝐞𝐚𝐬𝐨𝐧-1)Where stories live. Discover now