24

1.1K 135 52
                                    

    

       Mingyuဟာ သူ့ရင်ခွင်ထဲ မေ့လဲသွားတဲ့ Wonwooကို ပွေ့ချီလျက် အခန်းထဲရှိ ကုတင်ပေါ် တင်လိုက်ကာ အစေခံတွေကို အော်ခေါ်လိုက်လေတယ်။

"လာကြအုံးး...အခုချက်ချင်း ဆရာ၀န် သွားခေါ်လာခဲ့"

"ဟုတ်ကဲ့...အိမ်ရှေ့စံ"

 
      အဆောင်ရှေ့မှာ ရပ်နေကြတဲ့ အစေခံတွေလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး ဆရာ၀န်ခေါ်သူက ခေါ် ထမင်း၀ိုင်းသိမ်းသူက သိမ်းနဲ့ ၀ရုန်းသုန်းကား ဖြစ်သွားလေတယ်။ Mingyuလည်း မေ့မြောလို့နေတဲ့ Wonwooရဲ့ လက်ကလေးအား ဆုပ်ကိုင်ထားရင်း ဘာမှမဖြစ်ရန်သာ ရေရွတ်နေမိတယ်။

ဆရာ၀န် ရောက်လာပြီးနောက်...

      ဆရာ၀န်က Wonwooရဲ့ နှလုံးခုန်နှုန်းနဲ့ သွေးခုန်နှုန်းတို့ကို စမ်းသပ်ပြီးနောက် အဖြေပြန်ပေးလာတယ်။

"ဂုဏ်ယူပါတယ်... အိမ်ရှေ့စံ သူ့မှာ ကိုယ်၀န်ရှိနေပါပြီ"

"ဘာ....တ...တကယ်လား"

      ဆရာ၀န်ရဲ့ စကားကြောင့် Mingyuဟာ အံ့ဩမှင်သက်ကာ ၀မ်းသာခြင်းတွေနဲ့ ရင်ဘတ်ထဲ ပြည့်နှက်သွားရတယ်။ ဆရာ၀န်က Wonwooကို အားဆေးထိုးပေးခဲ့ပြီးနောက် ပြန်သွားပြီး မင်းကြီး၊ မိဖုရား၂ပါးနဲ့ အတူ မင်းသားငယ် Jeonghanပါ ရောက်ရှိလာခဲ့ကြတယ်။

"Mingyu...Wonwooမေ့လဲလို့ဆို"

"ရှူးးးး....တိုးတိုးးး"

        Jeonghanအမေးကို အိပ်ပျော်နေတဲ့ Wonwooနားမှာ ထိုင်နေတဲ့ Mingyuက လက်အမူအရာနဲ့ တိတ်တိတ်နေရန် ပြလာတယ်။ နောက်တော့ ဆက်ပြောလာတဲ့ စကားကြောင့် အားလုံး အံ့ဩသွားရလေတယ်။

"ကျွန်တော့် ကလေးရဲ့အဖေ အိပ်နေတာမလို့"

"ဘာ!! Kim Mingyu ဒါမှ ငါ့သားကွ"

       မင်းကြီးက အားရ၀မ်းသာ တိုးညှင်းစွာ  အော်ဟစ်လိုက်လေတယ်။ Mingyuရဲ့ မိခင်ဖြစ်သူ မိဖုရားခေါင်ကြီးကလည်း Mingyuနား ရောက်လာကာ သားဖြစ်သူရဲ့ လက်ကို ဖွဖွကလေးကိုင်လျက် ပြောလာတယ်။

"ငါ့သားတောင် မျိုးဆက်ရတော့မှာပဲ...ဂုဏ်ယူပါတယ် သားလေးရယ်"

𝐊𝐢𝐥𝐥 𝐌𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮𝐫 𝐋𝐨𝐯𝐞 (𝐒𝐞𝐚𝐬𝐨𝐧-1)Where stories live. Discover now