Seungcheolနဲ့ မင်းသားငယ်Jeonghanရဲ့ မင်္ဂလာပွဲ ကျင်းပသည့်နေ့.....
မင်းသားငယ်ရဲ့ မင်္ဂလာပွဲဖြစ်သည့်အတွက် ထုံးစံအတိုင်း အမတ်တွေ ၀န်ကြီးတွေသာမက အသိုင်းအ၀ိုင်းကြီးများစွာက တက်ရောက်ကြလေတယ်။ မင်္ဂလာပွဲစတင်မည့်အချိန်က ၁၁နာရီဖြစ်ပြီး အားလုံးက ပွဲအတွက် ပြင်ဆင်နေကြလေတယ်။ အ၀တ်အစားလဲပြီးတော့ Seungcheol အရမ်းရင်ခုန်နေမိတယ်။ မှန်ထဲမှာပေါ်နေတဲ့ suitအနက်နဲ့ ကိုယ့်ရဲ့ပုံရိပ်ကို ပြန်ကြည့်ရင်း ရင်ဘတ်မှာထိုးထားတဲ့ ပန်းအလှလေးအား ပြန်ပြင်လိုက်ကာ လေပူတစ်ချက်မှုတ်ထုတ်လိုက်မိတယ်။
ဒီနေ့မင်္ဂလာပွဲပြီးရင် သူသိပ်ချစ်ရတဲ့ သူ့ချစ်သူလေးကို ပိုင်ဆိုင်ခွင့်ရတော့မည် ဖြစ်တာကြောင့် အတိုင်းမသိပျော်နေမိတယ်။ အခန်းထဲရှိ sofaမှာ ထိုင်နေတုန်း အခန်းထဲ၀င်လာတဲ့ အိမ်ရှေ့စံနဲ့ Wonwooကို တွေ့လိုက်ရတာကြောင့် မတ်တပ်ရပ်ကာ အရိုအသေပေးလိုက်တယ်။
Wonwooက ကိုယ်၀န်လည်းရင့်လာကာ ဗိုက်ကလည်းအတော်ထွက်နေပြီး Mingyuလက်ကို အားပြုကာ လျှောက်လာရလေတယ်။ ပိုးသားblousပုံစံအင်္ကျီပွပွကို ၀တ်ထားပြီး ဘောင်းဘီခပ်ပွပွနဲ့ Wonwooဟာ ခပ်လုံးလုံးလေးဖြစ်နေတယ်။
"အိမ်ရှေ့စံနဲ့ ကြင်ယာတော်ကို အရိုအသေပေးပါတယ်"
"ရပါတယ်...Seungcheolရဲ့ ငါ့ကို အဲ့လိုကြီးမခေါ်ပါနဲ့"
"အဟမ်း....မင်းနဲ့ငါက အမျိုးတော်ရတော့မှာပဲ ငါ့အကိုကို သေချာဂရုစိုက်ရမယ်နော်"
မျက်နှာပေး ခပ်တည်တည်နဲ့ ပြောလာတဲ့ Mingyuကို Seungcheolက ပြုံးပြရင်း ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်တယ်။
"ဟုတ်ကဲ့ပါ..."
"ခနနေ ပွဲစတော့မှာနော်...ငါလည်း လမ်းလျှောက်ရတာ အဆင်မပြေလို့ လက်ဖွဲ့ပစ္စည်းက အခန်းထဲကျန်နေခဲ့တာ ပွဲပြီးမှ ပေးမယ်"
Wonwooက Seungcheolကိုကြည့်ကာ အားနာတဲ့ မျက်နှာလေးနဲ့ ပြောလာတော့ Seungcheolက လက်ကာပြကာ ဖြေလာတယ်။
"အချင်းချင်းတွေပဲ....ဘယ်အချိန်ပေးပေး ရပါတယ်"
"အေးပါ....မင်း စိတ်ငြိမ်ဆေးသောက်ထားနော် ပွဲမှာ မင်းသားငယ်ကို မြင်ရင် နှလုံးခုန်ရပ်သွားမှာစိုးလို့ ဟားးဟားးးး ငါတို့သွားပြီ"
YOU ARE READING
𝐊𝐢𝐥𝐥 𝐌𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮𝐫 𝐋𝐨𝐯𝐞 (𝐒𝐞𝐚𝐬𝐨𝐧-1)
FanfictionOmegaverse Type Minwon Fanfiction Myanmar Start Date-May 4 2024