12

1.2K 114 25
                                    

     

        Mingyuတစ်ယောက် Wonwooအ၀တ်အစားတွေကို လျှော်ပြီးနောက် ခြံထဲ ထွက်ပြီး လှန်းပေးနေရလေတယ်။ ပုံမှန်အားဖြင့် Wonwooက ပင်မင်းအပ်နေကျ ဆိုပေမယ့် အိမ်မှာလာကပ်နေနေတဲ့ Mingyuအား ကြည့်မရ၍ ခိုင်းထားခြင်းသာ။

     Mingyuအ၀တ်လှန်းနေတာကို Wonwooက အိမ်ပေါက်၀နားကနေ လက်ပိုက်ကာ မတ်တပ်ရပ်ပြီး ကြည့်နေတယ်။ ဘာတစ်ခုမှ ကူညီပေးဖို့ သူ့မှာ အစီအစဥ်ရှိပုံမရပါ။

      Mingyuက Wonwooရှိရာဘက်ဆီ အင်္ကျီတွေကို ခါခါပစ်ရင်း ချိတ်နဲ့ချိတ်နေလေတယ်။

"အ့....ရေစင်တယ် ဟိုဘက်လှည့်ခါလေ"

"မင်းပြောတိုင်း လုပ်စရာလား"

"မလုပ်ပဲ နေရဲတယ်ပေါ့"

     ဘယ်ချိန်ပါလာမှန်းမသိတဲ့ လက်ထဲက သေနတ်နဲ့ Mingyuရှိရာဆီ ချိန်ပြီး ပြုံးပြကာ ​ ပြောလာသူ Wonwooပါ။ Mingyuမျက်နှာမဲ့ပြကာ ​ပြန်ပြောလာတယ်။

"ပစ်ရဲရင် ပစ်လေ....."

     Mingyuက အ၀တ်တွေကို Wonwooဘက်ပဲ ဆက်ခါနေရင်း ပြောလေတယ်။ ရုတ်တရက်ဆိုသလို Wonwooနှာခေါင်းထဲ အလုံးအရင်း၀င်လာတဲ့ Mingyuရဲ့ pheromone သစ်တောရနံ့တွေကြောင့် လူက တစ်မျိုးဖြစ်သွားရတယ်။ ခန္ဓာကိုယ်ထဲက ပူလောင်လာပြီး တစ်ခုခုကို လိုချင်သလို ခံစားချက်တွေ ဖြစ်လာရတယ်။ မျက်နှာတွေလည်း ပူလာပြီး ပါးတွေပါ ရဲလာပြီး လက်ထဲက သေနတ်ပါ လွတ်ကျသွားရတယ်။

"ကဲ..သေနတ်နဲ့ ပစ်ရဲသေးလား"

"မင်း... မင်း အခုရပ်လိုက်နော်"

"ရပ်စေချင်ရင်...အခု အ၀တ်လာလှမ်း"

      Mingyuက ခြေထောက်နားက အ၀တ်စိုတွေ ထည့်ထားတဲ့ ပုံးကို ခြေထောက်နဲ့ ကန်ပြီး ပြောလိုက်တယ်။ Wonwooကတော့ pheromoneရနံ့တွေကြောင့် ဒူးထောက်ကျကာ မောဟိုက်နေသလို ခံစားနေရတယ်။

"ရားးးး....Kim Mingyu အခုရပ်လို့"

"ဟ...ရင့်လှချည်လား ခုက မလေးစားရုံတင်မကဘူး နာမည်ပါခေါ်ရဲတာ တော်ရုံသတ္တိ မဟုတ်ဘူးပဲ"

     Mingyuက Wonwooရှိရာဆီ လျှောက်လာကာ ဒူးတစ်ဖက်ထောက်ချပြီး Wonwooရဲ့ မျက်နှာကို ဆွဲမော့စေကာ ပြောလိုက်တဲ့ စကားက....

𝐊𝐢𝐥𝐥 𝐌𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮𝐫 𝐋𝐨𝐯𝐞 (𝐒𝐞𝐚𝐬𝐨𝐧-1)Where stories live. Discover now