5

1.1K 109 18
                                    

နောက်နေ့မနက်...

      နန်းတော်က ပိုင်ဆိုင်သည့် Privateလေယာဥ်ဖြင့် ငလျင်ဒဏ်ကျရာက်ခဲ့တဲ့ နယ်ကို ထွက်ခွာမည် ဖြစ်လေတယ်။ အိမ်ရှေ့စံကို ကိုယ်ရံတော် ၁၀ယောက်အပါအ၀င် မင်းသားငယ်နှင့် အခြေအရံတွေက လိုက်လံ ပို့ဆောင်လေတယ်။ ကိုယ်ရံတော် ၁၀ယောက်ကတော့ ခရီးစဥ်မှာ လိုက်ပါမည် ဖြစ်တယ်။

      Wonwooကိုလည်း ကိုယ်ရံတော် ၂ယောက်အပါအ၀င် အတွင်းရေးမှူးနဲ့ အောက်လက်ငယ်သား အယောက်၂၀ခန့်က နန်းတော်ရဲ့ Privateလေဆိပ်ဆီ လိုက်ပို့ပေးလေတယ်။

      လေဆိပ်ရောက်တော့ အိမ်ရှေ့စံနဲ့ မင်းသားငယ်တို့က ကြိုရောက်နှင့်နေလေတယ်။ Wonwooရဲ့ ဘယ်လက်ရုံး Seungcheolက ကားတံခါးဖွင့်ပေးကာ Wonwooကို အပြင်ထွက်စေတယ်။ Wonwooကားအပြင်ရောက်တာနဲ့ သူ့ကလေးတွေက ဘယ်တစ်ဖက် ညာတစ်ဖက်စီ လူစီကာ ခေါင်းငုံ့အရိုအသေပေးလေတယ်။

"Boss ခရီးလမ်း အဆင်ပြေပါစေ"

       တစ်ညီ တစ်ညွတ်တည်း အသံထွက်နှုတ်ဆက်လာကြတဲ့ သူ့လူတွေကို ကြည့်ပြီး Wonwooက ခေါင်းငြိမ့်ပြရုံသာ နှုတ်ဆက်လေတယ်။ ဘေးက ပါလာတဲ့ အတွင်းရေးမှူး Seungkwanဘက်ကို Wonwooလှည့်ကာ မှာစရာရှိတာတွေ မှာလိုက်တယ်။

"ငါမရှိတုန်း ဆိုင်ခွဲကိစ္စတွေကို Hanseolနဲ့ အတူတူ ဦးစီးထား တစ်ခြားလူလက်ထဲ မအပ်နဲ့နော် နောက်ထပ် သင်္ဘောတစ်စီး ထပ်၀င်မယ် အဲ့တာလည်း သေချာ စစ်ပြီး ဂိုထောင်မှာသိမ်း"

"ဟုတ်ကဲ့ပါ Boss ဒါနဲ့ ဘယ်နှစ်ရက်ကြာမှာလဲ"

"၂ရက် ၃ရက်ပေါ့ သိပ်မကြာပါဘူး"

"Boss ဂရုစိုက်သွားနော် ရန်ထပ်မဖြစ်နဲ့ လူကြားမကောင်းဘူး ထမင်းသေချာစား ရေသေချာချိုး...."

"ငါ့ ကိစ္စပါ တအားပွားတယ် Hanseolရေ မင်းလူကို လာခေါ်ထားစမ်းပါ"

       ဘေးကနေ ပွစိ ပွစိလုပ်နေတဲ့ Seungkwanကို Hanseolကို လှမ်းခေါ်ပြီး ခေါ်သွားခိုင်းလိုက်ရတယ်။ မသိရင် သူက Bossလား ကိုယ်က Bossလားပဲ။

"အိမ်ရှေ့စံ....Mingyu သေချာသွားနော် ထပ်ရန်မဖြစ်ပါနဲ့ အကိုတော် မကြားချင်ဘူးနော် ပြန်လာရင် ၂ယောက် တည့်နေတာပဲ မြင်ချင်တယ်"

𝐊𝐢𝐥𝐥 𝐌𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮𝐫 𝐋𝐨𝐯𝐞 (𝐒𝐞𝐚𝐬𝐨𝐧-1)Where stories live. Discover now