26

1.1K 130 59
                                    

    

      အိမ်ရှေ့စံရဲ့ မွေးနေ့မှာ ပုန်ကန်မှုခံရသည့် သတင်းကြောင့် နိုင်ငံအတွင်း ဆူပူမှုတွေ ဖြစ်ပေါ်လို့နေလေတယ်။ နန်းတော်ရှေ့ လာရောက်ကာ  ဆန္ဒပြနေကြသည့် တက္ကသိုလ်မှ ပေါမောက္ခများနှင့် ဥပဒေကျောင်းသားတစ်ချို့ကို တော်၀င်ရဲတပ်ဖွဲ့က တားဆီးကာ ထိန်းသိမ်းမှုများ ပြုလုပ်နေရလေတယ်။

        ပြည်သူတွေဟာ သူတို့ဘ၀ လုံခြုံမှုမရှိတော့ဘူးဟု တွေးကာ ဘုရင်ကို မထီမဲ့မြင် ပြုလုပ်သူက ပြုလုပ်နှင့် အိမ်ရှေ့စံ နတ်ရွာစံပြီဆိုတဲ့ သတင်းတွေကပါ ထွက်ပေါ်လို့နေလေတယ်။
မီဒီယာသမားများကလည်း တော်၀င်ဆေးရုံအရှေ့မှာ အပြည့်အ၀ နေရာယူထားကာ သူ့ထက်ငါ သတင်းအရယူရန် အသင့်ပြင်ထားကြလေတယ်။

       Mingyuကို ဆေးရုံတင်ပြီး မင်းကြီး၊ မိဖုရားနဲ့ မင်းသားငယ်တို့ပါ ဆေးရုံဆီ ရောက်ရှိလာကြတယ်။ မြို့တော်၀န်တို့ကိစ္စကို Victorနဲ့ တော်၀င်တပ်ဖွဲ့က အမှုအခင်းကိုင်ပြီး Seungcheolနဲ့ Hansolတို့ကလည်း ဒဏ်ရာရရှိထားတာကြောင့် ဆေးရုံတင်လိုက်ရလေတယ်။ Wonwooလည်း Mingyuကို ကားပေါ်တင်သွားပြီးနောက်မှာပဲ မေ့လဲသွားခဲ့တာကြောင့် အတူတူ ဆေးရုံတင်ထားရလေတယ်။





တော်၀င်ဆေးရုံထဲတွင်.....


        သတိလစ် ​မေ့မြောနေတဲ့ Mingyuကို ဆေးရုံရဲ့ ဆရာ၀န်ကြီးမှ စစ်ဆေးကြည့်လိုက်တော့ ထိုအပြာရောင်ဆေးရည်အဆိပ်ဟာ ခန္ဓာကိုယ်ထဲရှိ အာရုံကြောများဆီ ပျံ့နှံ့နေပြီး အချိန်မှီ ဆေးရုံသို့ ရောက်ရှိလာတာကြောင့် အသက်ကို ကယ်နိုင်ခဲ့လေတယ်။

 

      ခန္ဓာကိုယ်တွင်းရှိ အဆိပ်များကို စုပ်ထုပ်ပြီးနောက် အောက်ဆီဂျင်ကျဆင်းနေတာကြောင့် အောက်ဆီဂျင်ပေးထားရလေတယ်။ ထိုဆေးရည်ရဲ့ ဆိုးကျိုးကြောင့် အာရုံကြော သို့မဟုတ် မှတ်ဉာဏ်ကို ထိခိုက်နိုင်ချေရှိသည်ဟု ဆရာ၀န်မှ ပြောကြားထားလေတယ်။ ယခုလက်ရှိ အခြေအနေမှာတော့ မေ့မြောနေဆဲ အခြေအနေဖြစ်တာကြောင့် နိုးလာသည်အထိ စောင့်ကြည့်ရပေအုံးမယ်။

      Seungcheolနဲ့ Hansolက အရေးပေါ် ခွဲစိတ်နေရပြီး Wonwooကတော့ ကိုယ်၀န်ကြောင့် အားနည်းကာ မေ့မြောခြင်းဖြစ်တာကြောင့် ဆေးချိတ်ထားရလေတယ်။ Wonwooမိဘတွေကလည်း ဆေးရုံထိ လိုက်လာခဲ့ပြီး သားဖြစ်သူ အခြေအနေကို စောင့်ကြည့်လို့နေလေတယ်။





𝐊𝐢𝐥𝐥 𝐌𝐞 𝐖𝐢𝐭𝐡 𝐘𝐨𝐮𝐫 𝐋𝐨𝐯𝐞 (𝐒𝐞𝐚𝐬𝐨𝐧-1)Where stories live. Discover now