Chapter 28

519 93 1
                                    

တရားစီရင်ခြင်း

တစ်နာရီကျော်လွန်သွားသော် သမားတော်များသည် အခန်းထဲမှ ထွက်လာပြီး အပြင်ဘက်တွင်ထိုင်စောင့်နေသော ထင်ရှားလှသည့် ပုံရိပ်နှစ်ခုထံသို့ သခင်ငယ်လေးဝမ်ယန့်သည် အသက်အန္တရာယ်ကို လွန်မြောက်သွားပြီဖြစ်ကြောင်း အစီရင်ခံတင်ပြလာသည်။

သူတို့အားလုံးသည် နတ်ဆိုးသမားတော်များဖြစ်ကြပြီး ဝမ်ယန့်၏ဒဏ်ရာသည် လူသားများအတွက် အန္တရာယ်ရှိကောင်းရှိနိုင်သော်လည်း သူတို့အတွက်မူ ထိုဒဏ်ရာက သိပ်ပြီးပြင်းထန်သည်တော့မဟုတ်။ သူသည် ရက်အနည်းငယ်လောက် အနားယူဖို့ရန်သာ လိုအပ်သည်။

သို့သော်လည်း သူတို့ကြုံဖူးသမျှထဲ နှလုံးသွေးများရပ်တန့်တော့မလို အဖြစ်ခဲ့ဆုံး ကုသမှုတစ်ရပ်ဖြစ်ခဲ့သည်။

နတ်ဆိုးလောကရှိ ပြောရေးဆိုခွင့်ရှိသူ ကြမ်းကြုတ်သည့်နတ်ဘုရားနှစ်ဦးသည် တံခါးအပြင်ဘက်တွင်ရပ်ကာ စောင့်ကြပ်ပေးနေပြီး စကားတစ်ခွန်းသော်မှ ပြောဆိုနေခြင်းမပြုချေ။ ခြံဝန်းထဲတွင် ငါးကြင်းများကူးခတ်နေသော အသံ နှင့် အိမ်တံစက်မြိတ်အောက်၌ တချွင်ချွင် မြည်နေသော ဆည်းလည်းသံများသာလျှင် ရှိနေသည်။

ကုသမှုသည် မည်သည့်အမှားအယွင်းမှမရှိဘဲ ဝမ်ယန့်၏ရင်ဘတ်ရှိဒဏ်ရာက ကုသခံလိုက်ရပြီဖြစ်သည်။ သမားတော်များသည် သူတို့၏ချွေးများကို သုတ်လိုက်ပြီး နောက်ဆုံးတော့ ကျောများကို မတ်ထားလျက် ရုန်ရှောင်းနှင့် စကားပြောနိုင်ပြီဖြစ်သည်။

ရုန်ရှောင်းသည် သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး သမားတော်များကို ကြည့်လိုက်သည်။

''မင်းတို့အပေါ် ကျေးဇူးကြွေးတင်သွားပြီ''

သမားတော်များသည် လက်ယမ်းပြလိုက်ကြ၏။

''ဘာမှမဟုတ်တာလေးပါဗျာ။ ကျွန်တော်တို့တာဝန်ပဲဟာ။ အခု လူကြီးမင်း ဝင်သွားပြီး သခင်ငယ်လေးကို သွားစစ်ဆေးကြည့်ရှုနိုင်ပါပြီ ''

ဤသည်က သေချာပေါက် ရုန်ရှောင်းစောင့်စားနေသည့် အရာဖြစ်သည်။ သို့သော်လည်း သူသည် ထိုအခြေအနေတွင် ဆရာဝန်ပြောသည်များကို နားထောင်နေသေးသည်။ အထဲသို့ဝင်လို့ရကြောင်း သူတို့ပြောလိုက်ကတည်းက သူချက်ချင်းမတ်တပ်ထရပ်လိုက်ပြီး အခန်းထဲဝင်သွားလိုက်သည်။

တလောကလုံးကငါ့ကိုကွာရှင်းစေချင်ကြတယ်(ဘာသာပြန်)Where stories live. Discover now