Chapter 31

623 105 2
                                    

ချစ်ခြင်းအခိုက်အတန့်

ဤနှစ်ဘုရင်ရွေးကောက်ပွဲ၌ ယခုလက်ရှိဘုရင်ဖြစ်သော ချင်းကျီရွှမ်က ပြန်အရွေးခံရသည်။ သူ၏သက်တမ်းတွင် အဓိကအောင်မြင်မှုများ မရရှိခဲ့သော်လည်း သူ့တွင် မည်သည့်အမှားမှ မရှိသလို အခြားမျိုးနွယ်စုအကြီးအကဲများနှင့်လည်း ဆက်ဆံရေးကောင်းများရှိခဲ့သဖြင့် ကန့်ကွက်သူ မရှိခဲ့ချေ။

သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာက သက်ဝင်လှုပ်ရှားသော ငှက်မွေးနတ်ဘုရားပွဲတော်နှင့် မတူညီသည်က ယခုနှစ်တွင် ကျူးယန့်မျိုးနွယ်စု၏ ပြစ်မှုကျူးလွန်ခြင်းလုပ်ရပ်များကြောင့် အဖွဲ့အစည်းမှ ထုတ်ပယ်ခံခဲ့ရပြီး သူတို့သည် ပွဲတော်၌ မပေါ်ထွက်ခဲ့ရချေ။ ပါဝင်ဆင်နွှဲသူအရေအတွက်သည် လေးပုံ ပုံတစ်ပုံ ကျဆင်းသွား၏။  ကျူးယန့်မျိုးနွယ်စုဘိုးဘေး၏အရိုးခြောက်ကို ရုန်ရှောင်းက ဖျက်ဆီးခဲ့သဖြင့် ပူဇော်ခံပုလ္လင်ထက်၌ အခြားမျိုးနွယ်သုံးစုမှ ဘိုးဘေးအရိုးခြောက်များသာ ကျန်ရစ်ခဲ့သည်။

အခြားမျိုးနွယ်စုသုံးစုသည် ကျူးယန့်မျိုးနွယ်စုနှင့် နက်နက်ရှိုင်းရှိုင်း စိတ်ချင်းရင်းနှီးသည်မျိုး မရှိသော်လည်း ပူဇော်ခံပုလ္လင်ထက်၌ ဗလာသက်သက်ဖြစ်နေသည်ကို မြင်ရသည်မှာ သူတို့အတွက်လည်း မလွယ်ကူခဲ့ပါချေ။သူတို့မျက်နှာထက်ရှိ အပြုံးများကို အတင်းလုပ်ပြုံးထားရပြီး သူတို့ရှေ့ရှိ ကပြဖျော်ဖြေမှုများကို အပြည့်အဝမချီးကျူးနိုင် ဆုတောင်းစာများကို သေချာမရွတ်ဆိုနိုင် ဖြစ်ရသည်။

ဤငှက်မွေးနတ်ဘုရားပွဲတော်က သည်လောက်တိတ်ဆိတ်သွားသည်က ဒါပထမဆုံးဖြစ်ပြီး စီစဥ်ထားရှိသော ပွဲတော်များပင်လျှင် သိသာစွာ အလျှော့ခံလိုက်ရသည်။

ဝမ်ယန့်သည် ရုန်ရှောင်းနှင့်အတူ ခုံအမြင့်တွင် ထိုင်နေပြီး ခဏအကြာ ပျင်းလာသလို ခံစားရသည်။

ထိုနေ့က ရုန်ရှောင်း၏သတို့သားလောင်းအနေနှင့် ဝမ်ယန့်သည် ပွဲတော်၌ ဂုဏ်ကျက်သရေရှိဧည့်သည်အဖြစ် ယူဆခြင်းခံရသည်။ သူသည် မနက်အစောကတည်းက အပ်ချုပ်သမားချုပ်ထားသည့် အထူးပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားပြီး ၎င်းက သူနှင့်အမှန်ပင် ကြည့်ကောင်းလှ၏။ အထက်တန်းဆန်သောနီည်ုရောင်က သူနှင့်အလွန်ပင် လိုက်ဖက်ညီလှပြီး ပိုနီပန်းများထိုးထားပုံက ထင်ထင်ရှားရှားရှိလှသည်။ သို့သော်လည်း ၎င်းက သူ့အား အနည်းငယ် ပိုငယ်သွားသည့်ပုံပေါက်နေစေရာ  မရင့်ကျက်သေးသည့်ပုံစံမျိုး ပေးစွမ်းနေ၏။

You've reached the end of published parts.

⏰ Last updated: Nov 04 ⏰

Add this story to your Library to get notified about new parts!

တလောကလုံးကငါ့ကိုကွာရှင်းစေချင်ကြတယ်(ဘာသာပြန်)Where stories live. Discover now