Masuyoဖုန်းပြောနေတဲ့အချိန်Asukaကအပေါ်စီးကနေသူမကိုသေနတ်နဲ့သေချာချိန်ထားတယ်။
Asuka- "Iris....ဒါရှင့်ရဲ့နောက်ဆုံးနေ့ပဲ....."
သေနတ်ကမောင်းတံကိုဖြည်းဖြည်းချင်းဖိလိုက်တယ်။Masuyoကတော့ဖုန်းပြောကောင်းနေဆဲပါ။
Asukaဘက်ကပစ်လိုက်တဲ့အခါသူမဘေးနားကကားမှန်ကိုတည့်တည့်ထိသွားတယ်။လမ်းကလူတွေလည်းလန့်သွားတယ်။Masuyo- "ဘယ်သူငါ့ကိုလာပစ်တာလဲ....."
Michi- "Narita-san၊ဘာဖြစ်လို့လဲ။"
Masuyoလည်းအပေါ်ကိုမော့ကြည့်လိုက်တဲ့အခါ
"Asuka...."
D.Turboကအပေါ်မှာသေနတ်ကိုင်ပြီးရပ်နေတယ်။
"မတွေ့ရတာကြာပြီနော်!"
သေနတ်နဲ့ဒုတိယအကြိမ်ထပ်ချိန်ပြီးMasuyoကိုတစ်ချက်ထပ်ပစ်တယ်။သူမလည်းရှောင်ပြီးစားသောက်ဆိုင်ထဲဝင်လာတယ်။Michiကဖုန်းထဲကအသံကြားနေရတယ်။
"Narita-san၊ဘာဖြစ်လို့လဲ။အပြင်မှာလည်းဆူညံနေတယ်...."
"Miyagiကိုလိုင်းလွှဲလိုက်!ငါပြောစရာရှိတယ်!"
Yurikoတို့ညီအစ်မအပါအဝင်ဆိုင်မှာထိုင်စားတဲ့သူတွေ၊စားပွဲထိုးတွေသူမကိုဝိုင်းကြည့်ကြတယ်။
သူမဖုန်းကိုအောက်ချပြီး"အကုန်လုံးကိုသတိပေးစရာရှိပါတယ်!ဒီဆိုင်ထဲကလူတွေအပြင်ကိုလုံးဝမထွက်ကြပါနဲ့!"
Yuriko- "အမေ၊အဆင်ပြေရဲ့လား။"
"အပြင်မှာသေနတ်သမားတစ်ယောက်ရောက်နေတယ်!အဲဒါကြောင့်အပြင်မထွက်ပါနဲ့!"
သူမစကားပြောနေရင်းဆိုင်နောက်ဘက်ခြမ်းကနေအသံကျယ်ကြီးထွက်လာတယ်။ညီအစ်မ၂ယောက်စလုံးMasuyoဆီပြေးလာကြတယ်။
Hanako- "အမေ၊Asukaကသမီးတို့နေရာကိုသိနေတာလား။"
အဲဒီအချိန်D.Turboနဲ့နောက်ထပ်Goblinတစ်ကောင်ဖြစ်တဲ့Weather Goblinကဆိုင်အနောက်ဘက်ခြမ်းကနေထွက်လာတယ်။Weather Goblin
ကလူတစ်ယောက်ကိုဂုတ်ဆွဲပြီးဘေးဘက်ကိုတွန်းချလိုက်တယ်။သူတို့သားအမိအပါအဝင်ဆိုင်ကလူတွေလည်းအဲဒီအခါကျမှအကုန်ထွက်ပြေးကြတယ်။D.Turbo- "ရှင့်တို့သားအမိတွေပြေးဖို့မကြံနဲ့နော်!"
-
YOU ARE READING
Skate-shot (スケート.ショット)
AdventureHarumiဆိုတဲ့သာမန်အထက်တန်းကျောင်းသူတစ်ယောက် Skate-shotလို့ခေါ်တဲ့နည်းပညာကုမ္ပဏီရဲ့CEOနှင့်တွေ့ဆုံမိရာကနေ Skate-shotကိုကာကွယ်ဖို့City Riderအဖြစ် Harumiကိုကမ်းလှမ်းတဲ့အခါမှာတော့ Hayaoမြို့ကမှုခင်းတွေကိုဖြေရှင်းရင်း Skate-shotကိုသူမဘယ်လိုကာကွယ်မလဲ? "I w...