Rainbow Caféဝရန်တာမှာ
HarumiကRinaပြောခဲ့တဲ့စကားကိုပြန်စဥ်းစားနေတယ်။"တစ်နေ့....နင်တို့နဲ့ငါထိပ်တိုက်တွေ့မယ်!အဲဒီအခါကျရင်နင်တို့၂ယောက်စလုံးငါ့ထက်ပိုနာကျင်အောင်လုပ်ပြမယ်!"
"သူကငါတို့ကိုမကျေနပ်ရအောင်....ငါတို့က
Wrecker Dayမှာဘာတွေလုပ်ခဲ့လို့လဲ?သူကဘာလို့ငါတို့ကိုဒေါသထွက်နေတာလဲ?"ညဘက်
ဦးထုပ်အနက်ရောင်၊ကုတ်အင်္ကျီအနက်ရောင်ဝတ်ထားပြီးနေကာမျက်မှန်နဲ့သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်လမ်းလျှောက်လာတယ်။လက်ထဲမှာလည်းသေတ္တာတစ်လုံးပါကိုင်လာတယ်။Asukaအိမ်ရှေ့အရောက်မှာသူမကအဲဒီသေတ္တာကိုချပေးလိုက်ပြီးတံခါးပါခေါက်လိုက်တယ်။
Asukaကတံခါးခေါက်သံကြားလို့အောက်ဆင်းပြီး
ဖွင့်လိုက်တဲ့အခါဘယ်သူမှမရှိဘဲသေတ္တာတစ်လုံးပဲတွေ့ရတယ်။သူမသေတ္တာကိုယူပြီးစားပွဲပေါ်တင်ပြီး
ဖွင့်ကြည့်လိုက်တယ်။"အထဲမှာဘာရှိလဲမသိ...."
သေတ္တာထဲမှာHarumiသုံးတဲ့Skate Driver
(Asukaရဲ့Skate Driverကရှဥ့်နားရွက်ပုံပါ)နဲ့
ခဲရောင်Rider Fountainတွေထည့်ထားပါတယ်။"ဒါ....Harumiသုံးတဲ့ဟာမလား?"
ဘေးနားမှာစာတစ်စောင်လည်းထည့်ပေးထားတယ်။
သူမလည်းဖတ်ကြည့်လိုက်တယ်။'Revenge with your Desire....Asuka.'
-
Hayaရဲဌာနရဲ့သီးသန့်အချုပ်ခန်းမှာအရင်ကထောင်ကျခဲ့ဖူးတဲ့The Wreckerရဲ့လူတစ်ယောက်ကထောင်စောင့်ကိုတွေ့တွေ့ချင်းရုတ်တရက်
နေမကောင်းဖြစ်သလိုလုပ်ပြလိုက်တယ်။"ထောင်စောင့်ကြီး....ကျွန်တော့်ရင်ဘတ်....အောင့်နေလို့....ကယ်ပါဦး...Ah!"
ထောင်စောင့်ကတကယ်ထင်ပြီးတံခါးပါဖွင့်ပေးလိုက်တယ်။ထောင်စောင့်ဝင်လာတဲ့အချိန်မှာပဲ
ထောင်စောင့်ခါးမှာတပ်ထားတဲ့သေနတ်ကိုဆွဲလုပြီး
အဲဒီထောင်စောင့်ကိုသေနတ်နဲ့ပစ်သတ်လိုက်တယ်။
သေနတ်သံကြားလို့ရောက်လာတဲ့လုံခြုံရေး၂ယောက်ကိုလည်းတစ်ခါတည်းပစ်သတ်လိုက်တယ်။"တော်တော်တုံးအတဲ့ကောင်တွေပဲ...."
သေနတ်ကိုပစ်ချလိုက်ပြီးလက်ထိပ်ကြီးနဲ့ထွက်ပြေးသွားတယ်။
![](https://img.wattpad.com/cover/348798522-288-k981102.jpg)
YOU ARE READING
Skate-shot (スケート.ショット)
AdventureHarumiဆိုတဲ့သာမန်အထက်တန်းကျောင်းသူတစ်ယောက် Skate-shotလို့ခေါ်တဲ့နည်းပညာကုမ္ပဏီရဲ့CEOနှင့်တွေ့ဆုံမိရာကနေ Skate-shotကိုကာကွယ်ဖို့City Riderအဖြစ် Harumiကိုကမ်းလှမ်းတဲ့အခါမှာတော့ Hayaoမြို့ကမှုခင်းတွေကိုဖြေရှင်းရင်း Skate-shotကိုသူမဘယ်လိုကာကွယ်မလဲ? "I w...