Hamadaမိသားစုရဲ့အိမ်မှာ
Hitomi- "သမီးတို့၂ယောက်ကအမေနဲ့အတူပြန်နေမယ်ပေါ့။"
Harumi- "အမေတို့နဲ့အတူနေဖို့ဆိုတာကိုသိပါတယ်။ဒါပေမယ့်...."
"ဒါပေမယ့်ဘာဖြစ်လို့လဲ။"
"သမီးတို့အရင်နေခဲ့တဲ့ကော်ဖီဆိုင်ကိုမပိတ်ပါနဲ့နော်။သမီးနဲ့သူငယ်ချင်းတွေကအဲဒီမှာအမြဲတမ်းပျော်ခဲ့ရတာပါ။အစ်ကိုလည်းအတူတူပါပဲ။"
Ryota- "အဲဒီကော်ဖီဆိုင်ကိုအဖေပိတ်ခိုင်းထားတာ။အခုနောက်ပိုင်းသမီးကိုအန္တရာယ်ပေးမယ့်သူတွေများသထက်များလာပြီ။သမီးရဲ့သရုပ်မှန်တွေကိုသမီးရန်သူတွေသိတာထက်သမီးရဲ့နေရာကိုသိသွားရင်ပိုဆိုးမှာ။အဲဒါကြောင့်သမီးလုံခြုံအောင်အဲဒီကော်ဖီဆိုင်ကိုပိတ်ခိုင်းတာ။သမီးအမေနဲ့လည်းအဖေတိုင်ပင်ထားပြီးပြီ။"
"အဲဒါဆို....သမီးတို့ကော်ဖီဆိုင်ဘယ်အချိန်ပြန်ဖွင့်မှာလဲ။"
"သမီးရန်သူတွေမရှိရင်ပေါ့။အဲဒါဆို....သမီးလည်းအေးအေးဆေးဆေးနေလို့ရပြီ။"
"အဖေ့သဘောပါပဲ။"
-
Skate-shot
Bunny- "PhoenixပြောပုံအရဆိုRinaကမသေသေးဘူးပေါ့?"
"အဲလိုပြောရမှာပဲ။ဒါပေမယ့်Rinaရုပ်ကိုတော့မမြင်ရဘူးတဲ့။"
"အဲဒါဆိုသူဘယ်လိုကယ်မှာလဲ။"
"ခက်မှာ....Rinaအသံကိုပဲကြားရတယ်ဆိုတော့....
Phoenixကသူ့အစွမ်းကိုအဆုံးစွန်ထိအသုံးချရတော့မှာပေါ့။ဘာမှမဖြစ်ဖို့တော့မျှော်လင့်ပါတယ်။"Iris CorpမှာMasuyoကWrecker Driverကိုင်ထားတဲ့Yurikoကိုကြည့်ပြီး
Masuyo- "သမီးဘယ်တော့စလှုပ်ရှားမှာလဲ။"
Yuriko- "မနက်ဖြန်မှစလှုပ်ရှားရင်ပိုကောင်းမယ်။"
"Harumiတို့မောင်နှမသူတို့မိဘတွေနဲ့ပြန်နေရပြီဆိုတော့တကယ်ဝမ်းသာလို့မဆုံးဘူး။"
Hanako- "အမေနဲ့ပြန်တွေ့တုန်းကလည်းသမီးတို့ပျော်ခဲ့ရတာပဲလေ။ဟုတ်တယ်မလား၊အစ်မ။"
"ဟုတ်တာပေါ့။ထူးဆန်းတယ်လို့ပဲပြောရမလား။"
MasuyoကHanakoနဲ့Yurikoပခုံးကိုကိုင်ပြီး
YOU ARE READING
Skate-shot (スケート.ショット)
AventuraHarumiဆိုတဲ့သာမန်အထက်တန်းကျောင်းသူတစ်ယောက် Skate-shotလို့ခေါ်တဲ့နည်းပညာကုမ္ပဏီရဲ့CEOနှင့်တွေ့ဆုံမိရာကနေ Skate-shotကိုကာကွယ်ဖို့City Riderအဖြစ် Harumiကိုကမ်းလှမ်းတဲ့အခါမှာတော့ Hayaoမြို့ကမှုခင်းတွေကိုဖြေရှင်းရင်း Skate-shotကိုသူမဘယ်လိုကာကွယ်မလဲ? "I w...