Episode 42 [မိခင်တစ်ယောက်ရဲ့သောကစိတ်,ဝံပုလွေတစ်ကောင်ရဲ့တိုက်ခိုက်ပွဲ]

9 1 0
                                    

ဆေးရုံမှာRinaကHitomiကိုစောင့်နေရင်းRinaဖုန်းအသံမြည်လို့သူမချက်ချင်းဖုန်းကိုင်လိုက်တယ်။

Rina- "Asuka၊ပြောလေ။"

Asuka- "Irisနိုင်သွားပြီ၊အစ်မရေ!!"

Rinaတစ်ယောက်ဝမ်းသာနေတဲ့ပုံစံနဲ့ထပြီးပြတင်းပေါက်နားမှာသွားနေလိုက်တယ်။

Rina- "တကယ်လား။"

Asuka- "တကယ်ပေါ့။Masuyo-sanကဒဏ်ရာရနေပေမယ့်တကယ်ချနိုင်ခဲ့တာနော်။ဒါပေမယ့်သူက
Wreckerစကားကြောင့်ဒေါသထွက်နေတာ။"

"Wrecker​က....ဘာပြောလိုက်လို့လဲ။"

"သူ့မိသားစုကိစ္စကိုအနာဟောင်းပြန်ဆွလိုက်တာလေ။အိမ်ရောက်မှအေးဆေးရှင်းပြမယ်။အစ်မအခု....Harumiအမေနဲ့ရှိနေတာလား။"

"ဟုတ်တယ်။သူ့အမေအိမ်မှာသတိလစ်နေလို့ဆေးရုံပို့ပေးလိုက်ရတယ်။ကျွန်မအထင်Harumiအကြောင်းကိုသိသွားလို့ဖြစ်မယ်။"

"အယ်၊ဟုတ်လား။အစ်မသူ့ကိုသေချာဂရုစိုက်နော်။အခုချိန်မှာHarumiကရှိမနေတော့...."

"ကျွန်မသေချာဂရုစိုက်ပါ့မယ်။"

သူမဖုန်းပြောနေချိန်Hitomiကတဖြည်းဖြည်းသတိပြန်ဝင်ပြီးလက်လှုပ်လာတယ်။

"Harumi.....သမီးလေး...."

Rinaကအသံကြားကြားချင်းလှည့်ကြည့်တော့
Hitomiကမျက်စိဖွင့်ပြီးသူမဘက်ကိုကြည့်နေတယ်။

Rina- "နောက်မှဆက်ပြောကြမယ်။အခုအန်တီသတိပြန်ရလာပြီ။"

သူမဖုန်းချပြီးHitomiနားမှာထိုင်နေလိုက်တယ်။

Rina- "အန်တီသတိရလာပြီလား။"

HitomiကRinaကိုမမြင်ဖူးတော့

Hitomi- "သမီးကဘယ်သူလဲ။"

Rina- "သမီးက....Harumiသူငယ်ချင်းSasaki Rinaပါ။"

Sasaki Rinaနာမည်ကြောင့်Hitomiတစ်ယောက်တစ်ခုခုကိုသိနေသလိုမျက်နှာပြန်တည်သွားတယ်။

Hitomi- "Sasaki....Rina?"

"အန်တီ.....အန်တီသမီးကိုသိနေတာလား။ဘယ်တုန်းကလဲ။"

"သမီးမေးတဲ့မေးခွန်းတွေကိုအန်တီမဖြေချင်သေးဘူး။အန်တီ့ကိုလည်းလာစောင့်ပေးစရာမလိုဘူး။သမီးအိမ်ပြန်ပြီးအနားယူလိုက်ပါ။"

Skate-shot (スケート.ショット)Where stories live. Discover now