သူမအတင်းအကျပ်ဖက်ထားတော့Wolfဘက်ကရုန်းနေရတယ်။မထင်မှတ်ဘဲHarumiညာဘက်လက်မောင်းကိုလက်သည်းချွန်နဲ့တစ်ချက်တည်းကုတ်ချလိုက်တယ်။သူမလက်မောင်းမှာခြစ်ရာကြီးပေါ်နေပြီးသွေးတွေထွက်နေတယ်။
"ဘာပဲဖြစ်ဖြစ်.....အဖေ့ကိုတားမှဖြစ်မယ်....."
သူမWolfကိုရှေ့ကနေဒုတိယအကြိမ်ဖက်လိုက်တယ်။သူမမျက်လုံးကချက်ချင်းဆိုသလိုအရောင်တောက်သွားပြီးမျက်ရည်တွေလည်းဝိုင်းနေပါတယ်။
IrisကHarumiကိုကြည့်ရင်းစိတ်ပူနေတဲ့အသံနဲ့
Iris- "Harumi....."
Wolfရှေ့တိုးပြီးHarumiကိုရန်ပြုဖို့လုပ်နေပေမယ့်
သူမကတော့အတင်းအကျပ်ဖက်ထားတယ်။"အဖေတော်ပါတော့!အခုဟာကလေ့ကျင့်ရေးလုပ်နေတာ!စိတ်အေးအေးထားပါ!"
Wolfကသူမကိုပြန်တိုက်ခိုက်မယ့်အနေအထားကနေ
Harumi- "အဖေ!"
သူမအော်သံကြောင့်သူ့လက်ကသူမခေါင်းကိုဖြည်း
ဖြည်းချင်းပွတ်တဲ့အနေအထားကိုပြောင်းသွားတယ်။WolfကနေRyotaပြန်ဖြစ်ပြီးမကြာခင်မှာပဲထိုင်လျက်ကျသွားတယ်။Ryota- "ခုနက.....ဘာဖြစ်သွားတာလဲ။"
Ryotaကသူမကိုအရောင်တောက်နေတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်တယ်။
-
Ryotaမေးခွန်းကြောင့်Harumiလည်းကြောင်သွားပြီး
"အဖေမမှတ်မိဘူးလား။အဖေနဲ့Masuyo-sanလေ့ကျင့်ရေးလုပ်နေရင်း.....အဖေ့ဘက်ကစိတ်မထိန်းနိုင်တဲ့ပုံစံနဲ့လိုက်တိုက်ခိုက်နေတာလေ။"
"ဘယ်လို...."
သူ့သမီးလက်မောင်းကသွေးထွက်နေတဲ့ဒဏ်ရာကိုသူတွေ့သွားတော့
"သမီးလက်မောင်းမှာသွေးတွေ...."
"အဖေ့ကိုတားရင်းလက်သည်းအချွန်နဲ့ထိသွားတာ။"
သူမစကားကြောင့်Ryotaစိတ်ထဲမှာအပြစ်ရှိသလိုခံစားနေရတယ်။
"ဒုက္ခပဲ....."
Masuyoကအပေါ်ကိုမော့ကြည့်ပြီးလှမ်းအော်လိုက်တယ်။
"Michi၊ဆေးသေတ္တာယူလာခဲ့။"
YOU ARE READING
Skate-shot (スケート.ショット)
AdventureHarumiဆိုတဲ့သာမန်အထက်တန်းကျောင်းသူတစ်ယောက် Skate-shotလို့ခေါ်တဲ့နည်းပညာကုမ္ပဏီရဲ့CEOနှင့်တွေ့ဆုံမိရာကနေ Skate-shotကိုကာကွယ်ဖို့City Riderအဖြစ် Harumiကိုကမ်းလှမ်းတဲ့အခါမှာတော့ Hayaoမြို့ကမှုခင်းတွေကိုဖြေရှင်းရင်း Skate-shotကိုသူမဘယ်လိုကာကွယ်မလဲ? "I w...