Episode 45 [မျက်နှာဖုံးနှင့်သံသယ,လုပ်ကြံမှုရဲ့တရားခံ Part 1]

17 1 0
                                    

မြေအောက်ခန်းမှာ
Daisukeတစ်ယောက်စိတ်ညစ်ညစ်နဲ့ခုံနောက်မှာဟိုလျှောက်ဒီလျှောက်လုပ်နေတယ်။Typhoon Goblinရှုံးသွားပြီးကတည်းကစိတ်ညစ်နေပုံပါပဲ။

Mizuki- "သူ့ကိုအားနည်းတယ်ထင်ထားတာ။တော်တော်ကြမ်းတာပဲ။"

Daisuke- "ငါ့ရှေ့မှာသူ့အကြောင်းလာမပြောနဲ့။"

အဲဒီအချိန်

"စိတ်ထိန်းစမ်းပါ၊Daisuke-san...."

အမျိုးသမီးတစ်ယောက်အသံကြောင့်အကုန်လုံးနောက်လှည့်ကြည့်လိုက်တဲ့အခါHarumiကထိုင်ခုံပေါ်မှာခြေချိတ်၊မေးထောက်ပြီးစိုက်ကြည့်နေတယ်။Hikaruသူမကိုယ်ထဲဝင်ထားလို့အခုလိုမျိုးနေနေတာပါ။

Queen- "နင်ဒီမှာဘာလာလုပ်တာလဲ။"

Harumiကထိုင်ခုံကနေပြန်ထပြီးသူတို့ရှေ့မှာရပ်နေလိုက်တယ်။

"Hirokiကိုလာကြည့်တာလေ။ပွဲစကတည်းကကျွန်မကရှင်တို့အနောက်မှာရှိနေတာ။အကုန်လုံးမသိလိုက်တာထင်တယ်။"

Daisukeမခံချင်တဲ့ပုံနဲ့

"ဒီတစ်ခါမင်းဘက်ကနိုင်သွားပြန်ပြီပေါ့။နောက်တစ်ခါကျရင်.....မင်းအလှည့်မဖြစ်နိုင်တော့ဘူးထင်တယ်။"

Daisukeပြောတဲ့စကားကြောင့်သူမမျက်နှာကပြုံးရာကနေတဖြည်းဖြည်းတည်သွားတယ်။

Queen Goblinကတစ်ခုခုကိုရိပ်မိနေတာကို
Harumiသတိထားမိသွားတယ်။ဒါပေမယ့်သူမမသိသလိုနေလိုက်တယ်။

အကုန်လုံးထွက်သွားကြပေမယ့်Mizukiကစကားပြောချင်တာကြောင့်အသံတိုးတိုးနဲ့

Mizuki- "ဒီတစ်ခါတော့ပျော်လိုက်ပါဦး။နောက်ဆိုရင်.....နင်ငိုပွဲနွှဲရတော့မှာနော်။" *Laugh*

Harumiတစ်ယောက်Mizukiထွက်သွားတဲ့အချိန်ထိside eyeနဲ့ကြည့်နေတယ်။

-

Harumiတစ်ယောက်တည်းပဲကျန်တော့

"ဟ!သူကများငါ့ကိုလာခြိမ်းခြောက်သေး..."

Harumi- "အန်တီ၊သွားလို့ရပြီထင်တယ်။"

Harumiကိုယ်ထဲကနေတစ်ခုခုထွက်သွားသလိုတစ်ချက်ယိုင်ကျသွားတယ်။အမှန်တော့Hikaruကသူမကိုယ်ထဲကနေထွက်သွားတာပါ။

Skate-shot (スケート.ショット)Where stories live. Discover now