Episode 39 [Rider Fountainဖန်တီးခြင်း,Game Masterရဲ့လှည့်ကွက်တစ်ခု]

16 2 0
                                    

PhoenixကSkate Saberကိုင်ထားတဲ့လက်ကိုပြန်ကိုင်လိုက်သလိုနောက်လက်တစ်ဖက်ကိုလည်းလက်ဖဝါးနဲ့ပြန်ကာလိုက်တယ်။သူမတစ်စုံတစ်ခုကိုသိသိချင်းအော်ပြောတယ်။

Phoenix- "ဒါ.....Goblinအဆိပ်မိနေတာပဲ!"

သူမစကားကြောင့်Masuyoနဲ့Ryotaအပါအဝင်အကုန်လုံးအံ့ဩသွားကြတယ်။
HanakoကPhoenixတစ်ခုခုဖြစ်မှာစိုးလို့သွားဖို့လုပ်ပေမယ့်Masuyoကမသွားဖို့အတင်းဆွဲထားတယ်။

Masuyo- "မသွားနဲ့...."

Hanako- "အမေ၊သူအခုလိုလုပ်မယ်ဆိုသမီးဘက်ကHarumiကိုသေချာချုပ်ထားမှဖြစ်မှာ!"

Masuyoကဘာမှပြန်မပြောဘဲလွှတ်ပေးလိုက်တယ်။
HanakoကWitchကိုပြောင်းပြီးတာနဲ့Phoenix
တိုက်ခိုက်နေတဲ့နေရာဆီလာပြီးSkateရဲ့ခြေထောက်အောက်ပိုင်းကိုရေခဲငွေ့နဲ့ခဲအောင်လုပ်ပြီးဖမ်းချုပ်ထားလိုက်တယ်။Skateဘက်ကဘယ်လိုပဲရုန်းရုန်း၊လှုပ်လို့မရဖြစ်နေချိန်မှာပဲ

Witch- "အစ်မ!စလုပ်တော့!"

PhoenixအထဲမှာYurikoကအစွမ်းတစ်ခုခုကိုထုတ်ဖို့အကြံရသွားတဲ့ပုံစံနဲ့မျက်စိစုံမှိတ်လိုက်တယ်။

"Phoenix.....Poison Healer....."

Skateရုန်းနေတာကိုအခွင့်ကောင်းယူပြီးဒဏ်ရာရထားတဲ့ညာဘက်လက်မောင်းကိုသူမလက်နဲ့တစ်ချက်တည်းအုပ်လိုက်တယ်။Phoenixရဲ့အစွမ်းကြောင့်Skateအရမ်းပူသွားပြီးစူးဝါးတဲ့အသံနဲ့အော်ပါတော့တယ်။ကျန်တဲ့သူတွေလည်းအဲဒီအသံကိုမခံနိုင်လို့နားအုပ်ထားကြတယ်။
Skateတစ်ချက်ငြိမ်ကျပြီးHarumiပြန်ဖြစ်သွားတယ်။Witchကသူမဖန်တီးထားတဲ့ရေခဲတွေကိုဖယ်ချလိုက်တယ်။Harumiကတော့ပက်လက်အနေအထားနဲ့Phoenixလက်မောင်းပေါ်မှာသတိမေ့နေပါတယ်။

-

ခဏလောက်တိတ်ဆိတ်သွားတော့
YurikoကMiyagiကိုလှမ်းခေါ်တယ်။

"Miyagi-san!Harumiကိုစမ်းသပ်ခန်းဆီခေါ်သွားလိုက်ပါ!"

MiyagiပြေးလာပြီးHarumiကိုကုန်းပိုးခေါ်သွားတယ်။HirokiကYurikoနားမှာနေလျက်

"ခုနက....HarumiကGoblinအဆိပ်မိပြီးစိတ်ရိုင်းဝင်သွားတာလား။"

Yuriko- "အဲလိုပဲဖြစ်မယ်။ကျွန်မအဲဒီအကြောင်းကိုအခုမှသေချာသိရတာ။သူ့ကိုယ်ထဲကGoblin Cellတွေပြန်ပေါ်လာတာနဲ့မနေ့ကမတော်တဆဖြစ်တာတိုက်ဆိုင်ပြီးအခုလိုဖြစ်သွားတာထင်တယ်။"

Skate-shot (スケート.ショット)Where stories live. Discover now