သူမJumper Skateကိုအသွင်ပြောင်းပြီးတဲ့အချိန်မှာပဲအပေါ်ကနေပန်းရင့်ရောင်နဲ့အနက်ရောင်စပ်ထားတဲ့Riderကသူ့ရဲ့လက်ပတ်ကခလုတ်ကိုနှိပ်ပြီး
"Target Access!"
Skateကိုချိန်ပစ်လိုက်တယ်။
Sharonကတွေ့တွေ့ချင်း"Harumi!သတိထား!"
Skateကိုလှမ်းဆွဲပြီးရှောင်ခိုင်းလိုက်တယ်။
သူ့ရဲ့ပစ်မှတ်ကိုလွဲသွားပေမယ့်အဲဒီကလေဆာတန်းတွေကြောင့်၂ယောက်လုံးလွင့်သွားတယ်။
သူမတို့ကိုအဝေးကနေတိုက်ခိုက်ခဲ့တဲ့သူကယောကျာ်းလားမိန်းမလားဆိုတာသူတို့လည်းမသိပါဘူး။၂ယောက်လုံးပြန်ထပြီးကြည့်တဲ့အခါ
Choco Goblinရော၊သူတို့ကိုတိုက်ခိုက်ခဲ့တဲ့
Unknown Riderရောမရှိတော့ပါဘူး။
Harumiကတော့တံတားပေါ်ကိုကြည့်လိုက်၊ဘေးဘက်ကိုကြည့်လိုက်လုပ်ရင်း"ဘယ်ရောက်သွားတာလဲ?"
Sharon- "ငါတို့ကိုလုပ်ပြီးထွက်ပြေးသွားတာပဲ။"
Rider Fountain(Jumper)ကိုပြန်ကြည့်ပြီးသက်ပြင်းချလိုက်တယ်။
Harumi- "ချတောင်မချလိုက်ရဘူး။Ah.ဟိုအိမ်ကိုသွားကြည့်ရမယ်။"
Harumiသွားတော့မယ့်အချိန်Sharonကနောက်မှာကျန်ခဲ့တော့
Sharon- "Hey!နေဦးလေ!"
-
The Wreckerစခန်းထဲမှာHajimeက
"Skateကိုကူညီပေးတဲ့သူ?သူကဘယ်သူလဲ?"
"သူကSkate-shotရဲ့ဥက္ကဋ္ဌပဲ။သူကSkateကိုအဆင်ပြေအောင်လုပ်နေတာ။"
"အဲဒီတော့....မမလေးမှာနောက်ထပ်ရန်သူတစ်ယောက်ထပ်တိုးသွားတာပေါ့?"
သူမခဏငြိမ်သွားတယ်။
"ရှင်ပြောတာမှန်တယ်။သူ့ကိုပါရှင်းရမှာ။"
Rainbow CafèမှာHirokiတစ်ယောက်
Harumiနောက်ကျလို့စိတ်ပူနေရတယ်။Asukaကသားအမိ၃ယောက်အိမ်အကြောင်းကိုသိနေတဲ့ပုံပါပဲ။Asuka- "အစ်ကို...."
Hiroki- "Uh?"
"Harumiကအိမ်တစ်အိမ်မှာကလေးထိန်းလုပ်ဖို့သွားတယ်ဆိုတာအစ်ကိုသိတယ်နော်။"
"သိပါတယ်။"
"အဲဒီအိမ်က....အရင်တုန်းကကလေးထိန်းတစ်ယောက်ကြောင့်ပြဿနာတက်ခဲ့တဲ့အိမ်တဲ့။"
YOU ARE READING
Skate-shot (スケート.ショット)
PertualanganHarumiဆိုတဲ့သာမန်အထက်တန်းကျောင်းသူတစ်ယောက် Skate-shotလို့ခေါ်တဲ့နည်းပညာကုမ္ပဏီရဲ့CEOနှင့်တွေ့ဆုံမိရာကနေ Skate-shotကိုကာကွယ်ဖို့City Riderအဖြစ် Harumiကိုကမ်းလှမ်းတဲ့အခါမှာတော့ Hayaoမြို့ကမှုခင်းတွေကိုဖြေရှင်းရင်း Skate-shotကိုသူမဘယ်လိုကာကွယ်မလဲ? "I w...