Hopper- "ငါကိုယ်တိုင်ဖန်တီးထားတဲ့စွမ်းအားနဲ့
သူ့ကိုရှင်းပစ်လိုက်!" *Rinaကိုလက်ညိုးထိုးလျက်*လက်ထဲမှာချွန်ထက်နေတဲ့Chase Swordကိုထုတ်လိုက်တယ်။Rinaကလည်ပင်းမှာထိတဲ့အဆိပ်ကြောင့်တဖြည်းဖြည်းအားနည်းနေတယ်။ဒါပေမယ့်သူမ
Killerအဖြစ်အသွင်ပြောင်းလိုက်တယ်။ပြောင်းပြီးသွားပေမယ့်အဆိပ်မိနေတော့သက်လုံအားတော်တော်ကျနေတယ်။Killer Swordကိုထုတ်တဲ့အချိန်
D.Turboပြေးလာတယ်။D.Turboစခုတ်မယ့်အချိန်မှာKillerကဓါးနှင့်ပြန်ကာလိုက်တယ်။
Killer- "Asuka....နင်ဘာဖြစ်နေတာလဲ...."
ပြောရင်းတွန်းဖယ်လိုက်တယ်။တစ်ဖက်ကဓါးကိုဝှေ့တဲ့အချိန်မှာအမြန်ရှောင်ပြီးတစ်ချက်ပြန်ချတယ်။
Killerနောက်နည်းနည်းဆုတ်ပြီးဓါးကိုပစ်ချလိုက်တယ်။လက်သီးကိုအတင်းအကျပ်ဆုပ်ထားပြီးဒေါသတကြီးနဲ့"နင့်ကိုယ်ထဲမှာမကောင်းတဲ့spiritရှိနေတယ်ဆိုတာငါသိတယ်!အဲဒီကောင်ကိုနင့်ဆီကနေထွက်သွားအောင်ငါလုပ်မယ်!ငါ့အစွမ်းရှိသမျှအကုန်သုံးပြီးနင့်ကိုပြန်ခေါ်မယ်!!"
Rage Powerကိုသုံးလိုက်တော့မျက်လုံးအကာနှင့်ချပ်ဝတ်အရောင်တောက်သွားပြီးအဆိပ်မိနေတဲ့ကြားထဲကနေenergyနည်းနည်းရသွားသလိုခံစားရတယ်။သူမဘာလက်နက်မှမပါဘဲအမြန်ပြေးလာတယ်။
"Asuka!"
ခုန်ပြီးအရင်ကန်တယ်။အကန်ခံရလို့D.Turbo
တစ်ချက်လဲကျသွားပေမယ့်သူမချက်ချင်းပြန်ထတယ်။လက်ထဲကဓါးလည်းလွတ်ကျသွားတယ်။လက်သီးနှင့်D.Turboရဲ့ဗိုက်ကိုအရင်ထိုးတယ်။မျက်နှာကို၂ချက်ဆက်တိုက်ထပ်ထိုးတယ်။
D.Turboနဲ့Killerလက်သီးချင်းထိုးလိုက်တဲ့အခါ
သူတို့ကြားမှာလျှပ်စီးတွေပေါ်လာတော့၂ယောက်လုံးထိပြီးလွင့်ထွက်သွားကြတယ်။အားပြင်းတဲ့ကန်ချက်၊ထိုးချက်တွေကြောင့်သူတို့ရဲ့helmetနဲ့ချပ်ဝတ်ပုံပျက်လာတယ်။ပြန်ထရင်းပြုတ်ကျသွားတဲ့Chase Swordကိုပြန်ကောက်ပြီးရွယ်နေတုန်းမှာသူမလက်နဲ့ဓားအသွားကိုအမြန်ကိုင်လိုက်တယ်။ချွန်ထက်နေတဲ့ဘက်ကိုအတင်းအကျပ်ကိုင်ထားတော့သူမလက်အိတ်ပြဲပြီးသွေးတွေထွက်လာတယ်။
YOU ARE READING
Skate-shot (スケート.ショット)
MaceraHarumiဆိုတဲ့သာမန်အထက်တန်းကျောင်းသူတစ်ယောက် Skate-shotလို့ခေါ်တဲ့နည်းပညာကုမ္ပဏီရဲ့CEOနှင့်တွေ့ဆုံမိရာကနေ Skate-shotကိုကာကွယ်ဖို့City Riderအဖြစ် Harumiကိုကမ်းလှမ်းတဲ့အခါမှာတော့ Hayaoမြို့ကမှုခင်းတွေကိုဖြေရှင်းရင်း Skate-shotကိုသူမဘယ်လိုကာကွယ်မလဲ? "I w...