နောက်တစ်နေ့မနက် Rinaနဲ့Asukaတိုင်ပင်ခဲ့သလို
AsukaကဆေးရုံမှာHitomiကိုသွားစောင့်ပြီး
Rinaကတော့Skate-shotကိုသွားပါတော့တယ်။Skate-shotရဲ့Sharonရုံးခန်းကိုတံခါးဖွင့်တော့
Bunny-botကဆိုဖာဘေးမှာစက်ရပ်သွားသလို
မလှုပ်တော့ဘဲရပ်နေတာကိုတွေ့လိုက်ရတယ်။Rinaလည်းBunny-botကိုအနီးကပ်ကြည့်ပြီးပြန်နှိုးဖို့ကြိုးစားတယ်။သူမလိုက်ကြည့်ရင်းသတိထားမိသွားတာကBunny-botကအားကုန်နေတာမဟုတ်ဘဲသူ့ကျောကုန်းကchipအပြားကိုဖြုတ်ပြီးရပ်ထားတယ်ဆိုတာပါပဲ။သူမလည်းSharonစားပွဲပေါ်မှာစရှာပါတော့တယ်။
"ဘယ်မှာလဲ....."
ခဏအကြာမှာစက္ကူအိတ်နဲ့ထည့်ထားတဲ့အထုပ်တစ်ထုပ်ကိုတွေ့သွားတယ်။သူမဖြဲပြီးဖွင့်ကြည့်တော့
၂လက်မဆိုဒ်အရွယ်chipပြားလိုအရာတစ်ခုဖြစ်နေတယ်။"ဒါပဲဖြစ်မယ်။"
Rinaကသူ့ကျောကုန်းကအံဝှက်တစ်ခုထဲကိုအဲဒီchipပြားထည့်လိုက်ပြီးသူ့ကိုယ်ပိုင်အားသွင်းကြိုးနဲ့လိုရမည်ရအားသွင်းထားလိုက်တယ်။
"Bunny-bot....."
-
ခဏအကြာမှာBunny-botရဲ့ဘယ်ဘက်ရင်ဘတ်မှာအပြာရောင်ယုန်ပုံလင်းလာတယ်။အဲလိုမီးလင်းတာကBunny-botပြန်နိုးလာတာကိုရည်ညွှန်းတာပါ။
Bunny-botနိုးလာလာချင်းBunny- "Rina-san?"
Rina- "ဟုတ်တယ်လေ။
"Sharon-sanဘယ်သွားတာလဲ။"
Rinaတစ်ယောက်အဲဒီမေးခွန်းကိုဖြေရခက်နေတယ်။
Rina- "သူတိုက်ခိုက်ပွဲကိုသွားပြီ။ငါကနင့်ကိုပြန်နှိုးပေးဖို့Sharon-sanကတာဝန်ပေးထားတာ။"
Bunny- "သူတကယ်သွားတာလား။ကျွန်တော့်ကိုအဲဒီအကြောင်းတစ်ခေါက်ပြောပြဖူးတယ်။သူ့ကိုမသွားဖို့တားခဲ့ပါသေးတယ်။Ken-samaလိုအဖြစ်မခံချင်လို့....."
"ဒါနဲ့ဘယ်ကတည်းကနင့်ကိုယ်ထဲကchipပြားကိုဖြုတ်ထားတာလဲ။"
"ကျွန်တော်နဲ့Sharon-samaနောက်ဆုံးတွေ့တုန်းက....အဲဒီနေ့တုန်းကသူရုံးခန်းထဲမှာငိုနေတာ။"
-
လေ့ကျင့်ရေးနောက်ဆုံးည
Skate-shotရုံးခန်းမှာ နှုတ်ဆက်ပွဲကနေပြန်လာတဲ့
Sharonကရုံးခန်းတံခါးကိုအမြန်ပိတ်ပြီးဆိုဖာပေါ်မှာထိုင်ငိုနေတယ်။
YOU ARE READING
Skate-shot (スケート.ショット)
AvventuraHarumiဆိုတဲ့သာမန်အထက်တန်းကျောင်းသူတစ်ယောက် Skate-shotလို့ခေါ်တဲ့နည်းပညာကုမ္ပဏီရဲ့CEOနှင့်တွေ့ဆုံမိရာကနေ Skate-shotကိုကာကွယ်ဖို့City Riderအဖြစ် Harumiကိုကမ်းလှမ်းတဲ့အခါမှာတော့ Hayaoမြို့ကမှုခင်းတွေကိုဖြေရှင်းရင်း Skate-shotကိုသူမဘယ်လိုကာကွယ်မလဲ? "I w...