Episode 8 [ခြောက်ခြားဖွယ်ညတစ်ည,တစ္ဆေနှင့်တိုက်ခိုက်ခြင်း]

24 2 0
                                    

ညဘက်မိုးတွေသဲကြီးမဲကြီးရွာနေတဲ့အချိန်
ကွင်းပြင်တစ်နေရာမှာလူ၂ယောက်ကကောင်မလေးကိုဆွဲခေါ်လာတယ်။ကောင်လေး၂ယောက်ကတစ်ယောက်ယောက်ကိုစောင့်နေကြတဲ့ပုံပါပဲ။
ကောင်မလေးမျက်နှာမှာလည်းသူတို့တွေနှိပ်စက်ထားတဲ့ဒဏ်ရာတွေချည်းပါပဲ။လက်မှာလည်းသံကြိုးချည်ထားတယ်။တစ်ယောက်က

"နင်ဒီမှာပဲနေခဲ့!ထွက်ပြေးဖို့စိတ်မကူးနဲ့!"

ကောင်မလေးလည်းအော်ငိုပြီး

"ရှင်တို့သူ့ကိုမစောင့်ဘဲတစ်ခါတည်းသာသတ်လိုက်ကြပါတော့!!" *Crying*

ခဏအကြာမှာသူတို့စောင့်နေတဲ့ကောင်လေးတစ်ယောက်ကဓားမြှောင်ကိုင်လာပြီးသူမရှေ့ကိုရောက်လာတယ်။
သူမရဲ့ပါးကိုကိုင်ပြီးပြုံးပြုံးကြီးနှင့်ကြည့်လိုက်တယ်။

"မင်းက.....ငါတို့ဒီလောက်နှိပ်စက်ထားတာတောင်ချစ်ဖို့ကောင်းနေတာပဲ။"

"ရှင်ကဘာဖြစ်ချင်နေတာလဲ....ကျွန်မကိုနှိပ်စက်ချင်သေးတာလား...."

"နင့်​ကြောင့်ငါဘယ်လောက်တောင်ရင်နာခဲ့လဲဆိုတာနင်မသိဘူးလား?"

"ရှင်ဒီထက်ပိုခံစားသင့်တာ!ကျွန်မနှိပ်စက်ခံရသလို....ရှင်တို့၃ယောက်စလုံးကိုကျွန်မပြန်နှိပ်စက်ပြမယ်!ရှင်တို့တွေကျွန်မထက်ပိုပြီးခံစားစေရမယ်!!"

"တိတ်စမ်း!!"

စိတ်ဆိုးဆိုးနဲ့သူမရင်ဘတ်ကိုဓါးနဲ့၅ချက်ထိုးသတ်လိုက်တယ်။သူမလည်းအဲဒီဓားဒဏ်ရာနဲ့သေဆုံးသွားတယ်။သူမအလောင်းကိုတော့အဲဒီနေရာမှာပဲမြေမြုပ်လိုက်တယ်။
၃ယောက်စလုံးထွက်ပြေးသွားပြီးနောက်
Rinaကမိုးကာခြုံထားပြီးအဲဒီအလောင်းရှေ့မှာရပ်နေတယ်။

"သိပ်သနားဖို့ကောင်းတာပဲ....နင့်ကိုနှိပ်စက်ပြီးသတ်ထားတဲ့သူတွေအတွက်နင်ကလက်တုံ့ပြန်ချင်နေတာထင်တယ်။"

သူမလက်ထဲကGoblin Fountainကိုမြေမြုပ်ထားတဲ့နေရာမှာပစ်ချလိုက်တယ်။
သူမရှေ့မှာပဲသရဲလိုလိုGoblinတစ်ကောင်ပေါ်လာတယ်။

-

၃ရက်ကြာပြီးနောက်

Rainbow CafèမှာHirokiကမနက်ပိုင်းသတင်းကြည့်ဖို့TVဖွင့်လိုက်တဲ့အခါBreaking News
ပေါ်လာတယ်။

Skate-shot (スケート.ショット)Where stories live. Discover now