Episode 41 [BattleထဲကWrecker,Rider Fountainရှာပုံတော်]

13 2 0
                                    

Daisuke- "Mizuki...."

Mizukiကလက်၂ဖက်လုံးနွယ်ကြိုးတွေနဲ့ချုပ်ထားတဲ့သူဆီကခေါင်းစွပ်ကိုချွတ်လိုက်တဲ့အခါသတိမေ့နေတဲ့Harumiဖြစ်နေတယ်။

တိုက်ခိုက်ပွဲကသူတွေကတော့အံ့ဩတာထက်ပိုဒေါသထွက်နေရတယ်။

Ryota- "မင်းHarumiကိုဘာလုပ်ထားတာလဲ။"

Natsu- "မဖြစ်နိုင်တာ...."

Daisuke- "ပြိုင်ပွဲကအခုမှစမှာလို့ပြောထားတယ်မလား။မင်းတို့အားလုံးSkateကိုကယ်ချင်ရင်....ငါလွှတ်ထားတဲ့Goblinတွေကိုနိုင်အောင်တိုက်ကြပေါ့။အဲဒါမှ.....Skateနဲ့တွေ့ရမှာလေ။"

Hiroki- "ကျွန်တော့်ညီမလေးကိုဒုက္ခပေးဖို့စိတ်မကူးနဲ့!"

Mizuki- "အဲလောက်လည်းအဖြစ်မသည်းနေနဲ့လေ!ပြန်တွေ့ရမယ်ဆိုပြန်တွေ့ရမယ်ပေါ့။"

Liveကြည့်နေတဲ့Hayaoကပြည်သူတွေလည်းအဲဒီပုံကိုသေချာရိုက်ထားပြီးအွန်လိုင်းပေါ်မှာတင်လိုက်တယ်။လိုင်းပေါ်မှာဒီလိုစာတွေနဲ့အများဆုံးရေးတင်ကြတယ်။

'City Riderတစ်ယောက်ကိုဖမ်းမိသွားပြီတဲ့!!!!!'

'Tournamentရဲ့အကြီးမားဆုံးPlot Twist'

အဲလိုမျိုးတွေရေးတင်ထားကြတယ်။

အိမ်မှာကြည့်နေတဲ့Kotohaလည်းHarumiကိုစိတ်ပူနေရတယ်။

"သူတို့ဘာတွေလုပ်နေကြတာလဲ....."

-

Hayaoကိုပြန်မယ့်ရထားမှာ
Rinaကအိပ်မောကျနေတယ်။Rinaနဲ့ဘေးချင်းယှဥ်ထိုင်နေတဲ့Asukaကဖုန်းသုံးနေရင်းရုတ်တရက်မျက်လုံးပြူးသွားတယ်။အကြောင်းကတော့
Harumiအဖမ်းခံရတဲ့ဓါတ်ပုံတွေကိုမြင်လိုက်လို့ပါ။

Asuka- "ဘာလဲ​ဟ....."

သူမRinaကိုလှမ်းနှိုးလိုက်တယ်။Rinaလည်းအိပ်မောကျရာကနေပြန်နိုးလာတယ်။

"Umm.....ဘာလဲ...."

Asuka- "ပွဲကတော့ကြမ်းနေပြီ!"

"ဘာဖြစ်လို့...."

ချက်ချင်းပဲဓါတ်ပုံပြ​ပေးလိုက်တယ်။
Rinaသေချာကြည့်မှHarumiမှန်းသိလိုက်ရတော့အံ့ဩသွားတယ်။

Asuka- "ပထမပွဲမှာတင်Harumiအဖမ်းခံရလို့တဲ့။အခုအဲဒီဓါတ်ပုံတွေလိုင်းပေါ်မှာအများကြီးပဲ။"

Skate-shot (スケート.ショット)Where stories live. Discover now