တသိမ့်သိမ့်....နွံ (၁)
(ဤဇတ်လမ်းဟာစာရေးသူ၏စိတ်ကူးယဉ်ဖန်တီးမှုသာဖြစ်ပါတယ်။ )
အပိုင်း-၁အနောက်ပိုင်းခရိုင်တရားရုံး....
အမှုကိုဒီနေ့အပြီးသတ်အမိန့်ချမယ့်နေ့မို့ တရားခွင်မှာကြားနာမှုကိုလာရောက်နားထောင်သူတွေပိုမိုများပြားနေခဲ့သည်။အမှုမှာ လူသတ်မှုဖြစ်ပြီး သေဆုံးသူကလည်းအမျိုးသမီး၊ တရားခံကလည်းအမျိုးသမီးပဲဖြစ်သည်။
ထို့အတူအမိန့်ချမယ့်ရာဇဝတ်တရားသူကြီးသည်လည်းအမျိုးသမီးပဲဖြစ်လေသည်။ရာဇဝတ်ကြီးမှုအမှတ် ၃၃ တရားခံ မသီတာစိုး (ခ) မသီ...
အသက်၃၀ ဝန်းကျင်ခန့်သာရှိသောတရားသူကြီးမမကတရားခွင်ရဲ့အမြင့်ဆုံးမှာဝတ်ရုံခြုံပြီးကိုယ်နေဟန်ကိုမတ်မတ်ထိုင်ကာ အမှုတွဲကိုလှန်လှောရင်း တချို့နေရာတွေကိုခတ္တရပ်တန့်၍ ဖတ်ရှုသည်။
စာရွတ်လှန်သံမှအပ တရားရုံးတစ်ခုလုံးတိတ်ဆိတ်၍ လူအများရဲ့အာရုံက သူမထံ၌စုပုံနေတော့သည်။"ဒီကနေ့ စီရင်ချက် ချရမယ့်နေ့ပဲ"
သူမအသံသည် ပြတ်သားပြီးဩဇာညောင်းလှသည်။
အမှုဖြစ်စဉ်မှာ တရားခံမသီနဲ့သေဆုံးသူဒေါ်သန်းနွဲ့တို့ကအိမ်နီးနားချင်းတွေဖြစ်ကြသည်။ နှစ်ယောက်သားမကြာခဏလည်းကတောက်ကဆဖြစ်၍ အော်ဟစ်ဆဲဆိုရန်ဖြစ်တတ်သည်ဟုလည်းထွက်ဆိုထားသည်။
အခင်းဖြစ်တဲ့နေ့ နေ့လည်ပိုင်းမှာ ဒေါ်သန်းနွဲ့ကနေအိမ်မှာတစ်ယောက်ထဲရှိနေစဉ်ဖြစ်ကာ မကြာသေးမှီကဖြစ်ခဲ့တဲ့ကိစ္စကိုမကျေနပ်သဖြင့် တရားခံမသီက
ဒေါ်သန်းနွဲ့အား ဓားမနဲ့ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။တရားခံမသီကို သေဆုံးသူဒေါ်သန်းနွဲ့၏သမီးမှ တရားလိုပြုကာသေဒဏ်ထိုက်သင့်သည့်ပြစ်မှုဖြင့် စွဲချက်တင်စစ်ဆေးပေးပါရန်တရားရုံးသို့ဦးတိုက်လျှောက်ထားခဲ့သည်။
တရားသူကြီးမင်းသည်စီရင်ချက်ကိုမဖတ်ရှုမှီ တရားခံအား ခတ္တမျှ ကြည့်ရှုသည်။ မျက်ဝန်းများဝေ့ဝဲကြည့်သည်မှအပ သူမ၏အမူအယာကအင်မတန်မှတည်ငြိမ်လှကာ သူ့အကြည့်မှာ ရက်စက်တော့မှာလား၊ ညှာတာသနားလေမလား ဟုမည်သို့မှ
ကောက်ချက်ချပုံဖော်၍မရပေ။
YOU ARE READING
တသိမ့်သိမ့်....နွံ (Complete)
Romanceဒီဇတ်လမ်းလေးကတော့ ချမ်းသာတဲ့အလွှာကြားက စုံတွဲတစ်တွဲရဲ့အိမ်ထောင်ရေးပဏိပက္ခတွေအကြောင်းကိုရေးဖွဲ့ထားတာပါ။ မိန်းခလေးတိုင်းရဲ့ အိမ်မက်ကချမ်းသာတဲ့အမျိုးသားနဲ့လက်ထပ်ပြီး..ဘဝကြီးကိုငွေပုံပေါ်မှာသက်တောင့် သက်သာနေလိုတာ ချည်းပဲမဟုတ်နိုင်ပါဘူး။ ကိုယ့်ဘဝကို ကိုယ...