တသိမ့်သိမ့်....နွံ (၂၆)
အပိုင်း-၂၆ကြာပြီလား၊ ဘယ်တုန်းကတည်းကလဲ...
ဟုတ်ပါရဲ့အရင်တွေ့တာနဲ့သတ်နေတဲ့နှစ်ယောက်ကရန်မဖြစ်တော့တာကြာပြီပဲ။အိမ်ရောက်တော့
facebookဖွင့်ကြည့်ပြီး checkingလိုက်သည်။
နှစ်ယောက်သားပိုစ့်တွေမှာ love react အပြန်အလှန်ပေးပြီး.. အံ့ဘုန်းသိုက်က မေပါသမျှသီချင်းမှန်သမျှနဲ့ကြူးထားပြီး ငုကလည်းကဗျာတိုစာတိုတွေနဲ့ပြန်ကြူးထားပါသည်။
ဪ ဒီဟာတွေငါ့ကိုအကောင့်ထဲထားပြီး ဒင်းတို့က
ဒီလိုမျိုးငါမသိအောင်ခိုးတွဲနေကြတာကိုး..။ဘယ်သူမှမယုံရပါလားဟယ်...
အထူးသဖြင့်ငုကပိုဟန်ဆောင်ကောင်းလွန်းသည်။
ကိုယ့်မှာတော့သူနဲ့ ယောက်ျားမယူသင့်တဲ့အကြောင်း
တွေပြောလိုက်ရတာ.. ဒါတောင်အံ့ဘုန်းသိုက်ကဘယ်လောက်ခလေးဆန်မှန်းသိရက်နဲ့ဘာကိုယုံကြည်ပြီးကြိုက်မှန်းမသိဘူး။အင်းလေ..သူတို့ကမှမသိစေချင်တော့ကိုယ်လည်းမသိသလိုပဲနေလိုက်ပါ့မယ်။
နောက်ကိုတော့ဆင်ခြင်မှရမယ်၊ တော်ကြာကိုယ်ကသဘောရိုးနဲ့ပြောရင်တောင် ကိုယ့်မောင်ကိုတိုတယ်လို့ထင်သွားအုံးမယ်။>>>>>>>>>>
အံ့ဘုန်းကလူသိရှင်ကြားတွဲရအောင်လို့မကြာခဏပြောပါတယ်၊ ငုဘက်ကသာငဲ့ရမယ်မျက်နှာတွေ၊ထောက်ထားရမယ့်မျက်နှာတွေကြောင့်လူသိရှင်ကြား
မတွဲရဲတာဖြစ်သည်။ ဘာလိုလိုနဲ့သူတို့ silent အချစ်ရေးဟာနှစ်နှစ်နီးပါးရှိပြီဖြစ်သည်။
" မေကဘယ်အချိန်အထိဒီလိုနေချင်တာလဲ .."မောင်ကမေးတိုင်းလည်းကိုယ့်မှာယောင်လည်လည်နဲ့
အဖြေမပေးနိုင်ခဲ့ပါ။
မောင့်ကိုချစ်ပါတယ်.. အသည်းနင့်အောင်ချစ်ပါတယ်။ ဒါပေမယ့်အချစ်ရဲ့နောက်ဆက်တွဲစာမျက်နှာကိုတော့ ငုဖွင့်မကြည့်ရဲသေးပါ။အဲ့လောက်သတ္တိမျိုးငုမှာမရှိပါ။မိန်းမတစ်ယောက်အိမ်ထောင်ပြုတာက အောင်ဘာလေထီထိုးရသလိုပဲဆို...
ငုဟာငယ်ငယ်ခလေးဘဝထဲကကံကောင်းတဲ့သူမဟုတ်ပါ။ သူများတကာလိုအထိုက်အလျောက်ကံကောင်းမှုလေးတောင်မရှိခဲ့ပါ။ ဗလာမပါဆုမဲနှိုက်ရင်တောင်အသေးဆုံးဆုရွေးပေါက်သူမို့.. တစ်ဘဝစာကံစမ်းမဲကြီးကိုငုမနှိုက်ရဲသေးပါ။
YOU ARE READING
တသိမ့်သိမ့်....နွံ (Complete)
Romanceဒီဇတ်လမ်းလေးကတော့ ချမ်းသာတဲ့အလွှာကြားက စုံတွဲတစ်တွဲရဲ့အိမ်ထောင်ရေးပဏိပက္ခတွေအကြောင်းကိုရေးဖွဲ့ထားတာပါ။ မိန်းခလေးတိုင်းရဲ့ အိမ်မက်ကချမ်းသာတဲ့အမျိုးသားနဲ့လက်ထပ်ပြီး..ဘဝကြီးကိုငွေပုံပေါ်မှာသက်တောင့် သက်သာနေလိုတာ ချည်းပဲမဟုတ်နိုင်ပါဘူး။ ကိုယ့်ဘဝကို ကိုယ...