အပိုင်း ၃၄❤️🥰

19.7K 1.1K 137
                                    

တသိမ့်သိမ့်....နွံ (၃၄)
      
                             အပိုင်း-၃၄

နေဇာဋာအိမ်ပြန်ရောက်လာပြီး သူ့အစ်မနဲ့စကားပြောကြသည်။အကြောင်းအရာကတော့ ဇတ်ကားအသစ်
ရိုက်ကူးဖို့ရင်းနှီးငွေထုတ်ဖို့ပင်...
ဒါပေမယ့် သူကတော့သိပ်စိတ်ပါပုံမရပဲ စဉ်းစားအုံးမယ်ဟုဆိုသည်။
" အစ်မလည်းသိတဲ့အတိုင်း ဈေးကွက်ကပျက်နေတာ
ရုံတင်ရမတင်ရကတစ်မျိုးနဲ့.. အခြေအနေကြည့်ပါအုံး.."
" ဒါပေမယ့် ×××နဲ့သာဆို ရုံတင်ဝင်ငွေအတွက်စိုးရိမ်စရာမရှိပါဘူး ‌‌ငါ့‌မောင်ရယ်.."
ထိုနာမည်ကြီးမင်းသားကလည်းနေဇာဋာနဲ့ သူငယ်ချင်းတွေဖြစ်မည်။

မောင်နှမနှစ်ယောက်အခြေအတင်ပြောနေကြတာကို
မဏိကလည်းနားထောင်ချင်လို့မဟုတ်ပါဘူး။သူပြန်လာတုန်းက မဏိတို့အတွက်ဖာလူဒါဝယ်လာတယ်လေ။ မိုးရာသီဆိုပေမယ့် ဒီရက်ပိုင်းပြန်ပူနေတာကြောင့် ဖာလူဒါအေးအေးလေးကိုသားမိနှစ်ယောက်
ဘေးမှာထိုင်စားနေကြတာဖြစ်သည်။

ခါတိုင်းလိုဆိုမဏိကထရှောင်သွားမှာပေမယ့် အခုတော့ထမသွားဖြစ်ဘူးပေါ့။

တစ်ခုတော့စိတ်ထဲထင့်နေတယ် သူ့မောင်ကသူ့ဖာသာငွေမထုတ်ပေးတာကို မခိုင်ကမဏိကြောင့်လို့ထင်သွားပါအုံးမယ်။ မဏိကဖြင့်သူတို့အလုပ်တွေကိုသိတောင်မသိ။

ရုပ်ရှင်ကားတစ်ကားကိုသိန်းထောင်ချီအကုန်ခံပြီးရိုက်တယ်ဘာညာလို့ကြားဖူးတယ်လေ၊ အဲ့ငွေတွေက
အရင်ဆုံးဒါရိုက်တာ လက်ထဲရောက်မယ်ထင်တယ်။
အခုသူက စဉ်းစားအုံးမယ်ဆိုတော့ မခိုင်မျက်နှာသိပ်မကောင်းပါပဲ..၊ ပြန်တော့ဝတ္တရားအရနှုတ်ဆက်ပြီး
ပြန်သွားပါတယ်။

" ဖာလူဒါ စားကောင်းလား..."
" အင်း ကောင်းတယ်.. ဒီမှာရှင့်အတွက်ဖယ်ထားတယ်"
" ကိုယ်ကရပါတယ်.."
" ဖေဖေ မစားရင်မီးမီးစားမှာ.."
" မရဘူးလေ ချောင်းဆိုးလ်ိမ့်မယ်.. ဖေဖေ့ဟာဖေဖေစားပါစေ.."
" ဖေဖေချောင်းဆိုးလိမ့်မယ်လေ.."
နေဇာကသူ့သမီးအလည်လေးကြောင့်ထရယ်ပါသည်။
" ရှင်မြန်မြန်သာစားလိုက် မဟုတ်ရင်ရှင့်သမီးကမရဘူး.."

မဏိဖယ်ပေးထားတာကိုသူကယူစားနေတုန်း..၊ မဏိ
ကလည်းခါတိုင်းဆိုသူတို့ကိစ္စကိုမေးလေ့မရှိပေမယ့်
အခုမှစပ်စပ်စုစုနိုင်ပြီး..
" ရှင်နဲ့မခိုင် အဆင်မပြေကြဘူး‌လား.."
" ဘာဖြစ်လို့လဲ..."
" မသိဘူးလေ.. ရှင်ဘာလို့ငွေမထုတ်ပေးတာလဲလို့"

တသိမ့်သိမ့်....နွံ (Complete)Where stories live. Discover now