ဇတ်သိမ်းပိုင်း ♥️🤍

25.1K 1.3K 177
                                    

တသိမ့်သိမ့်....နွံ (Ending)
      
                            ဇတ်သိမ်းပိုင်း

ဒီနေ့တော့မနက်စာစားဖို့ကိုစုံတွဲနှစ်တွဲလုံးနောက်ကျကြသည်။လူကြီးတွေနဲ့ခလေး‌တွေကစားသောက်ပြီးနေကြပြီ..
မဏိကကပြာကယာနဲ့သူ့ခလေးတွေကိုသွားခေါ်တော့အမေက..
" မခေါ်နဲ့ ကိုယ့်ဖာသာအေးဆေးစားကြ.. မြေးတွေကိုဒီမှာထား..၊ အမေကမြေးထိန်းဖို့လိုက်လာတာ..သွား..သွား.. "
ဆိုပြီးပြန်နှင်သဖြင့်ခလေးတွေကိုထားပြီးမနက်စာစားကြသည်။

မိန်းမနှစ်‌ယောက်ကသပ်သပ်ဖြစ်သွားပြီးစကား‌ပြောကြရာငုကမဏိကိုကြည့်ပြီး..
" မဏိရေ ငါတို့ငယ်ငယ်ကပြောဖူးတဲ့ အိမ်ထောင်ရေးဒဿနကိုမှတ်မိသေးလားဟေ..
မိန်းမတစ်ယောက်အိမ်ထောင်ပြုတယ်ဆိုတာ မိမိ၏လွတ်လပ်မှုကိုကြိုးကွင်းစွပ်မိခြင်းပဲဆိုတာလေ..
အဲ့တာကိုအခုချိန်မှာ မှန်တယ်လို့နင်ထင်သေးလား"

" အင်း ဘယ်လိုပြောရမလဲဆိုတော့.. တစ်ကိုယ်ရည်လွတ်လပ်မှုမရှိတော့ဘူးဆိုတာတော့အမှန်ပဲပေါ့။
ဒါပေမယ့် အဲ့တာကိုနင်ကြိုက်တယ်ဆိုရင် ကြိုးကွင်းကြီးလို့ဘယ်ထင်တော့မလဲ ..

ငါဆို ဘယ်သွားသွားခလေးတွေတန်းလန်းပါနေတာလေ၊ ဒါပေမယ့်အဲ့တာလေးတွေကငါ့ကိုပျော်စေတယ်ဆို..ဒါကအချုပ်အနှောင်လို့မခံစားရတော့ဘူးပေါ့။

ဥပမာ.. ငါတို့ကပန်းပင်လေးတွေဆိုပါတော့ဟာ
သဘာဝအတိုင်းမြေကြီးပေါ်မှာလွတ်လွတ်လပ်လပ်ပေါက်နေတဲ့ပန်းပင်လေးတွေ၊ ဒါပေမယ့်အိမ်ထောင်ရေးဆိုတဲ့
ပန်းအိုးကြီးထဲငါတို့ကိုသီးသန့်ခွဲထည့်လိုက်မယ်..

အဲ့လိုထည့်ပြီး ဒီအတိုင်းပစ်ထားခံရမယ်ဆိုရင်တော့မကြာခင်ခြောက်သွေ့ညိုးနွမ်းသွားမှာပေါ့။

ဒါပေမယ့် တစ်စုံတစ်ယောက် သူ့တာဝန်ဖြစ်တဲ့ရေလောင်းတာ၊မြေဆီကြွေးတာကိုသေချာလုပ်ပေးရင် .. မြေကြီးပေါ်မှာတုန်းကထက်ပိုပြီးလှလှပပရှင်သန်နိုင်တာလည်းဖြစ်နိုင်တာပဲလေ.. မဟုတ်ဘူးလား.."

" ဒါဆို ငါတို့ပျော်ဖို့က အဲ့လူတွေပေါ်မှာပဲမူတည်နေတာပေါ့.."
" ဟုတ်တယ်လေ.. ကိုယ့်ဖာသာတစ်ယောက်ထဲပျော်အောင်နေရမယ်ဆို သူတို့ကိုဘာလုပ်ဖို့ယူအုံးမှာလဲကဲ..."

တသိမ့်သိမ့်....နွံ (Complete)Where stories live. Discover now