အပိုင်း-၃

15.3K 543 14
                                    

တသိမ့်သိမ့်....နွံ (၃)
      
                             အပိုင်း-၃

" ဘယ်လိုအမျိုးကောင်းသမီးလေးက ကျွန်တော့်ကိုငြင်းလိုက်တာလဲ သိပါ့ရစေ.."
" ရေစက်မှမရှိတော့တာကို မင်းသိပြီးတော့ကောဘာလုပ်မှာလဲ.."

အဖိုးကပြောမပြပါ။အင်းပေါ့ လူကြီးတစ်ယောက်အနေနဲ့ဆိုမကောင်းတတ်ဘူးလေ။
ထားလိုက်ပါ အဖိုးမပြောပြလည်းသူသိနိုင်တဲ့နည်းလမ်းတွေမှတစ်ပုံချည်း။

" လေးလေး...."
" ဟေ!... "
အဖိုးကွယ်ရာမှာ အဖိုးနဲ့အတူနေတဲ့ဦးလေးကိုမေးဖို့
ချဥ်းကပ်လိုက်သည်။

အမေ့ဘက်ကအဖိုးက အဖေ့ဘက်ကဖိုးဖွားတွေထက်ချမ်းသာတယ်ဆိုပေမယ့်.. အဖိုးကမျိုးလိုက်ရိုးလိုက်ချမ်းသာတာလာမဟုတ်ပါဘူး။
အဖိုးမိဘတွေက သံလွင်မြစ်တစ်ဖက်ကမ်းမှာတောင်ယာလုပ်စားတဲ့တောသူတောင်သားတွေပါ။
အဖိုးငယ်ငယ်ကသိပ်ဆင်းရဲလို့ ဘုန်းကြီးကျောင်းသားလုပ်ပြီးစာသင်ခဲ့ရသည်။
အဖိုးအရွယ်ရောက်လာတော့ ရွှေတူးတဲ့လူတွေနောက်ကိုလိုက်သွားရာကနေ.. ရွှေကြောတွေ့ပြီးချမ်းသာလာတာလေ။

ဒါပေမယ့် အဖိုးကဘဝ‌မမေ့ဘူး။ ရွာကိုပြန်ပြီးငယ်ချစ်ဦးဖြစ်တဲ့အဖွားနဲ့ပဲလက်ထပ်တယ်။

မသွားခင်ကတည်းကအဖွားကိုမှာခဲ့တယ်၊
'ငါမအောင်မြင်မချင်းပြန်မလာဘူး၊ နင့်ကိုတင်မတောင်းနိုင်သရွေ့ပြန်မလာဘူး' တဲ့။
အဖိုးသွားတာအကြာကြီးပဲ၊ အဖွားကလည်းသစ္စာရှိရှိစောင့်နေသတဲ့။

ပြီးမှမြို့ပေါ်ကိုအပြီးပြောင်းပြီး တခြားစီးပွားရေးလုပ်ကိုင်ခဲ့သည်။

အဖိုးက သူ့ဇာတိကိုချစ်ပြီး၊ ဆွေမျိုးတွေကိုလည်း
သုံးလေးဝမ်းကွဲအထိထောက်ပံ့ကြည့်ရှုပေးသည်။
ပညာသင်ချင်လား အလုပ်အကိုင်လိုချင်လား.. သူ့ဆီလာခဲ့ ၊အချောင်အလကားတော့ဘာမှမလိုချင်နဲ့..

အဲ့တာအဖိုးလက်ကိုင်ထားတဲ့ဆောင်ပုဒ်ပဲ။

ဒါကြောင့်ဆွေမျိုးတွေကြားထဲမှာအဖိုးကအခရာကျသည်။ အခုချိန်အထိဆွေမျိုးတွေသိုက်သိုက်
ဝန်းဝန်းနဲ့နေသည်။

အဖွားကတော့အသက်၅၀‌ကျော်၍၆၀မပြည့်ခင်.. နေဇာဋာဆယ်ကျော်သက်အရွယ်မှာပဲဆုံးသွားပါသည်။

တသိမ့်သိမ့်....နွံ (Complete)Where stories live. Discover now