တသိမ့်သိမ့်....နွံ (၃၁)
အပိုင်း-၃၁သော့အပိုနဲ့တံခါးကိုအမြန်ဖွင့်ဝင်လိုက်တော့အခန်းထဲကကုတင်ပေါ်မှာမဏိသိုက်ကခွေခွေလေးလှဲနေပါသည်။သူကအနားသွားပြီး..
" မင်းအပူလောင်သွားလို့ဆို.. ဘာလို့အဲ့တာတွေဝင်လုပ်ရတာလဲ..
ဘယ်နေရာမှာလဲ ၊ ခြေထောက်လား
ဘယ်လောက်များလဲ ပြ..."သူမခြုံထားတဲ့စောင်ကိုဆွဲယူ၍ဒဏ်ရာကြည့်ဖို့ခြေထောက်ကိုလှမ်းကိုင်တော့..
မဏိသိုက်ကဆတ်ခနဲထထိုင်ပြီး..
" လာမထိနဲ့..." ဟုကျုံးအော်ပါသည်။" ဘာဖြစ်တာလဲ.. ငါကမင်းရဲ့လင်နော်..
အခု မင်းဘယ်နေရာအပူလောင်သွားလည်းကြည့်ယုံပဲ.."
" လာ ဟန်ဆောင်မနေနဲ့.."
မဏိသိုက်ကသူ့ကိုစိတ်ဆိုးမာန်ဆိုးနဲ့ကျားနာကျားခဲပုံစံနဲ့အော်နေတာဖြစ်သည်။သူမမျက်လုံးတွေကလည်းနီရဲနေတယ်၊ ငိုထားတဲ့ပုံပဲ...။
နေပါအုံး ဒီလိုအပူလောင်အောင်သူလုပ်တာမို့လို့လား။သူလည်းဒီလောက်အော်ဟစ်နေတဲ့မိန်းမဒေါသထွက်ရပေမယ့် ထိခိုက်ထားတယ်ဆိုတာကြောင့်စိတ်ကိုလျော့ပြီး.. နောက်မှာရပ်နေတဲ့ကောင်မလေးတွေကိုထွက်သွားကြဖို့လက်ခါပြလိုက်သည်။
ကောင်မလေးတွေလည်းပြေးတာတန်းလို့ ၊ အပေါ်ထပ်မှာသူတို့နှစ်ယောက်ပဲကျန်တော့သည်။
" လာ ထ ဆေးရုံသွားရအောင်..."
" မသွားဘူး၊ အခုရှင်အခန်းထဲကနေထွက်သွား ..""နေပါအုံး မင်းဒီလောက်စိတ်ဆိုးနေရအောင် ဒါငါလုပ်တာမို့လို့လား.. ၊ ဆေးရုံမသွားချင်လည်း ဆရာဝန် တော့အိမ်ပင့်လိုက်မယ် ..
အပူလောင်တာတော်တော်များတယ်မှတ်လား.."" များများသေသေ ရှင့်အပူမပါဘူး.."
" မင်းဘာလို့ဒီလောက်ခေါင်းမာနေတာလဲ ဟမ်.."
" ရွံလို့..."
" ဘာ...."
" ရှင့်ကို ရွံလို့.."" ငါ့ရဲ့ သည်းခံနိုင်စွမ်းကိုမစမ်းသပ်နဲ့နော် မဏိသိုက်"
" ဟမ့် ရှင်ကဘယ်နေရာများသည်းခံဘူးလို့လဲ..
ရှင်ကအကြမ်းနည်းနဲ့မရရင် အနုနည်းနဲ့လူကိုဒုက္ခပေးပြီးနှိပ်စက်တတ်တဲ့လူ.."ဒါတော့တော်တော်များများသွားပြီ။နှိပ်စက်တယ်။
သူကသူမကိုနှိပ်စက်တယ်ပေါ့။
YOU ARE READING
တသိမ့်သိမ့်....နွံ (Complete)
Lãng mạnဒီဇတ်လမ်းလေးကတော့ ချမ်းသာတဲ့အလွှာကြားက စုံတွဲတစ်တွဲရဲ့အိမ်ထောင်ရေးပဏိပက္ခတွေအကြောင်းကိုရေးဖွဲ့ထားတာပါ။ မိန်းခလေးတိုင်းရဲ့ အိမ်မက်ကချမ်းသာတဲ့အမျိုးသားနဲ့လက်ထပ်ပြီး..ဘဝကြီးကိုငွေပုံပေါ်မှာသက်တောင့် သက်သာနေလိုတာ ချည်းပဲမဟုတ်နိုင်ပါဘူး။ ကိုယ့်ဘဝကို ကိုယ...