တသိမ့်သိမ့်....နွံ (၁၈)
အပိုင်း-၁၈မဏိကမီးဖွားခွင့်၆လပြည့်ပြီမို့..တရားရုံးပြန်တတ်ဖို့နဲ့အိမ်မှာခလေးကိုထားဖို့ အစီအစဉ်ဆွဲရတော့သည်။
ဖအေလုပ်သူဆိုတာက ခလေးသာလိုချင်တာထိန်းဖို့ကြသူ့အလုပ်မဟုတ်.. ခဏချီမယ်နမ်းမယ်၊ သူပျင်းသွားရင်မဏိလက်ထဲပြန်ထိုးထည့်ပြီး
" နို့တိုက်လိုက်အုံး ငါ့သမီးနိူ့ဆာနေပြီ အင့်.."
သူ့မှာနို့မရှိဘူးဆိုပြီး အကြောင်းပြချက်ကောင်းလှသည်။ညအိပ်ရင်လည်း.. နှစ်ယောက်အိပ်တဲ့ကုတင်ဘေးမှာ
သမီးအတွက်ပုခက်ထားတာကြောင့် ပုခက်ကလည်း
မဏိဘက်မှာဆိုတော့ ခလေးက အဲ့ အဲ့ ဆိုတာနဲ့မဏိကအော်တိုလန့်နိုးပြီ ထချီရသည်။
တစ်ညထဲကိုသုံးလေးခါမကပေ။
သူကြတော့ အိပ်တာမှသိုးလို့၊ မကြားတာလားတမင်မကြားချင်ယောင်ဆောင်တာလားတော့မသိ သူထချီပေးတယ်ဆိုတာက ရံဖန်ရံခါမှဖြစ်သည်။အအိပ်ကလည်းကြမ်းတော့ မဏိမှာခလေးကိုသူဖိမိမှာဆိုး၍ နှစ်ယောက်ကြားမှာချမသိပ်ရဲပဲ..
နို့တိုက်ပြီးသိပ်တဲ့အခါ ကိုယ်ကအလယ်မှာနေပြီးခလေးကိုကိုယ့်ဘက်မှာထားရပါသည်။မိုးရာသီကိုရောက်နေပေမယ့် သူကနဂိုအအေးသိပ်ကြိုက်တဲ့လူ၊ အခုသမီးရှိတော့မဏိကအဲကွန်းကိုအနိမ့်ဆုံးလျော့ချထားတော့ သူ့မှာပူလို့...
ပူသာပူတာ လူအသားကိုလည်းလိုက်ထိနေရမှသူ့မှာ..
မဏိကခလေးကိုတဖက်ချော့သိပ်နေရင် သူကနောက်
ကနေခါးကိုလာလာဖက်အိပ်တာ၊ မဏိမှာသူတို့သားအဖကြားမှာလှုပ်လို့ တောင်မရပေ၊ လှုပ်ရင်အသေးလေးကနိူးပြီလေ။
လင်ယူရတဲ့ဒုက္ခကတော်တော်မသေးလှပါ။"ဒါဆိုလည်း ရှင်တခြားအခန်းသွားအိပ်ပါလား"
လို့ပြောတော့ သူကိုနှင်ရမလားဆိုပြီးဒေါသထွက်သေးတယ်။
" ဘာလဲ ငါဒီမှာအိပ်ရင်နောက်တစ်ဗိုက်ရမှာဆိုးလို့လား.."
အမလေး နောက်ခလေးကတော့စိတ်ကူးထဲတောင်ထည့်လို့မရ၊တော်ပါပြီ.. တော်ပါပြီ။ ဝဋ်ကြွေးတွေ...ပြီးတော့ မဏိဆီက ဘာမှမရတာကြာပြီဆိုတော့ဇတ်လမ်းကစချင်ပြန်သည်။
" အို ခလေးမှမအိပ်သေးတာ.."
" အကြောင်းပြချက်တွေ.. ပြီးကျခလေးအိပ်ရင်မင်းပါလိုက်အိပ်တော့မှာ.."
" ဪ ခလေးအမေကတော့ဒီအတိုင်းပဲပေါ့ရှင်.."
" ဒါဆို ငါ့အလှည့်ကဘယ်တော့လဲ.."
YOU ARE READING
တသိမ့်သိမ့်....နွံ (Complete)
Romanceဒီဇတ်လမ်းလေးကတော့ ချမ်းသာတဲ့အလွှာကြားက စုံတွဲတစ်တွဲရဲ့အိမ်ထောင်ရေးပဏိပက္ခတွေအကြောင်းကိုရေးဖွဲ့ထားတာပါ။ မိန်းခလေးတိုင်းရဲ့ အိမ်မက်ကချမ်းသာတဲ့အမျိုးသားနဲ့လက်ထပ်ပြီး..ဘဝကြီးကိုငွေပုံပေါ်မှာသက်တောင့် သက်သာနေလိုတာ ချည်းပဲမဟုတ်နိုင်ပါဘူး။ ကိုယ့်ဘဝကို ကိုယ...