အပိုင်း ၁၃💖

16.7K 689 47
                                    

တသိမ့်သိမ့်....နွံ (၁၃)
      
                             အပိုင်း-၁၃

" ဟဲ့ နင့်ယောက်ျားက Scorpioလား.."
" အေး ဟုတ်တယ်လေ..."
" ဪ ကင်းမြှီး‌ကောက်ပဲ..အဲ့တာကြောင့်ကိုး..."

မဏိနဲ့ငုကလူချင်းသိပ်မတွေ့ရသော်လည်းဖုန်းတော့မကြာခဏပြောကြတာပေါ့။ နေဇာဋာအကြောင်းကိုငု
လည်းတော်တော်သိနေပြီဖြစ်သည်။
ပြီးတော့ ငုကဟိုးအရင်ကတည်းက ရာသီခွင်‌တွေကိုသိပ်စိတ်ဝင်စားသူဖြစ်ပြီး သူ့မှာစံဇာမဏီဘိုစာအုပ်လေးဝယ်ထားပြီး..ကြုံသမျှ လူတွေကို အခမဲ့လိုက်ဟောပေးနေကြဖြစ်သည်။

နေဇာဋာသည် Scorpioလို့‌ ခေါ်တဲ့ဗြိစ္ဆာသီဖွား
ဆယ့်တစ်လပိုင်း ဆယ့်တစ်ရက်နေ့မွေးသူဖြစ်သည်။

" ငါတော့ တကယ့်Scorpio အမူအကျင့်နဲ့ကိုက်တဲ့
ကင်းမြှီးကောက်အစစ်ကိုမြင်ဖူးသွားပြီ.."

သိတဲ့အတိုင်းScorpio‌ တွေဟာရာသီခွင်တွေထဲမှာတော့ …ပြင်းထန်ခက်ထန်ပြီး ရက်စက်ကြမ်းကြုတ်ဆုံး ရာသီဖွားတွေပဲ ဖြစ်ပါတယ်။ ဘဝမှာ သူတို့ ဘာလိုချင်သလဲ ဆိုတာကို သေသေချာချာသိကြပြီး သူတို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ဆိုရင်လည်း မဆုတ်မနစ် ကြိုးစားကြသူတွေဖြစ်တယ်။ သူတို့ဘဝနဲ့ သူတို့နှလုံးသား စိတ်ဝိညာဉ်ကိုပါ သူတို့ရဲ့ပန်းတိုင်ပေါ်မှာ မြှုပ်နှံထားသူတွေ ဖြစ်ကြပါတယ်။

" ဟဲ့ ဒါပေမယ့်နင်က leoနော်.."
မဏိက Leo လို့ခေါ်တဲ့သိဟ်ရာသီဖွား ခြင်္သေ့မဖြစ်သည်။
ခြင်္သေ့ပုံ သင်္ကေတနဲ့သိဟ်ရာသီဖွားတွေဟာ..
ဩဇာတိက္ကမရှိပြီး ဘုရင်၊ဘုရင်မတွေလိုတော်ဝင်ဆန်ဆန်ကိန်းခမ်းကြီးသူများဖြစ်ကြပါတယ်။

သူတို့နှစ်ယောက်ကရာသီခွင်အရဆို ဘယ်လိုမှပူးပေါင်းဆောင်ရွက်လို့မရနိုင်တဲ့ဆန့်ကျင်ဘက်တွေသာဖြစ်သည်။

" ညားလည်းညားတတ်တယ်ဟယ်.."
" နင်အခုမှပြောတော့ ငါကသူ့ကိုပြန်အမ်းလို့လဲမရတော့ဘူး.."

Scorpioပါဆိုမှသူလိုချင်ရင်လည်း ဘာနေနေရအောင်လိုက်ယူမှာပဲ။ ဘာပဲဖြစ်ဖြစ် Scorpio
အမူအကျင့်အရဆို မဏိကိုလည်းသူလိုချင်လို့သာရယူခဲ့တယ်ဆိုတာကလည်းသေချာတယ်။

တသိမ့်သိမ့်....နွံ (Complete)Where stories live. Discover now