အပိုင်း ၁၇💖

16.8K 668 25
                                    

တသိမ့်သိမ့်....နွံ (၁၇)
      
                             အပိုင်း-၁၇

မဏိကမွေးဖို့အသွားကားပေါ်မှာကတည်းက ငုဆီကို
ငါမွေးတော့မယ်..* ဆိုပြီးစာတိုမက်ဆေ့ပို့ခဲ့သည်။
သက်ြန်တွင်းမို့အမေကဥပုပ်စောင့်‌မှာဆိုတော့အိမ်ကိုတော့လှမ်းမခေါ်ခဲ့ပေ။

ဒါပေမယ့်ငုက အံ့ဘုန်းသိုက်ဆီကိုလှမ်းပြောခဲ့ကာ
..နှစ်ယောက်သားဆေးရုံကိုကပြာကယာပြေးလာကြသည်။
သူတို့တွေရောက်လာတော့မဏိကမွေးတောင်မွေးပြီးသွားပြီဖြစ်သည်။
" သမီးလေးမှတ်လား...နှစ်ယောက်စလုံးကျန်းမာရဲ့လား..."
ရောက်ရောက်ခြင်းသတင်းမေးပြီးအပြင်မှာစောင့်ကြရသည်။
အထဲမှာမဏိကိုသန့်ရှင်းရေးလုပ်ပေးနေလို့ဖြစ်သည်။
နေဇာဋာကတော့အခုမှသမီးကို ချီခွင့်ရပြီး..မွေးကင်း
စသမီးနီတာရဲ‌ လေးကိုကြည့်ရင်းသူရဲ့ဖခင်ဘဝကိုဂုဏ်ယူနေဟန်ရှိသည်။

ငုကအခန်းပြင်ကနေချောင်းကြည့်နေပြီး..
" ဟယ် ငါတောင်မွေးခန်းထဲမဝင်လိုက်ရဘူး..."
အစကမဏိက သူမွေးတဲ့အခါငုကိုလိုက်ခဲ့ပေးဖို့အဖော်ခေါ်ထားတာလေ၊ အခုကြသူ့ယောက်ျားလက်ကိုကိုင်ပြီးမွေးလိုက်တယ်ပေါ့။ဒီအချိန်ကြတည့်လို့တော်ပါသေးတယ်။

" အပျိုကြီးတွေကသူများခလေးမွေးတာမကြည့်ရဘူး.. "
ဘေးကအရှည်ကောင်ကထုံးစံအတိုင်းရန်စလာပြန်သည်။
" အောင်မာ နင်ကြတော့လူပျို‌ဖြစ်ပြီး သူများမိန်းမတွေခလေးမွေးတာလိုက်လိုက်ကြည့်နေတာလေ.."

" ဟ တိုးတိုးပြောပါ.. သူများကြားရင်အထင်လွဲအုံးမယ်၊ ကျွန်တော်ကဆရာဝန်လေဗျ၊ ဆရာဝန်.."

နှစ်ယောက်သားရန်ပွဲတည်မလိုရှိသေးတယ်၊ မဏိကိုလူနာခန်းရွေ့ပေးဖို့ထွက်လာသည်နှင့်စကားစပြတ်ပြီး
နောက်ကနေလိုက်ကြသည်။

လူနာခန်းကကုတင်ပေါ်ကိုနေဇာဋာကပွေ့ချီ၍ချပေးပြီးနောက်.. အံ့ဘုန်းသိုက်ကယောက်ဖကိုတွန်းဖယ်ကာ သူ့အစ်မကိုသွေးပေါင်ချိန်ကောင်းရဲ့လား၊ သက်သားရဲ့လားဟုဆရာဝန်ပီပီစစ်ဆေးသည်။
မဏိက မီးဖွားပြီးစဆိုတော့မျက်နှာအနည်းငယ်အမ်း၍..အားနည်းနေပါသေးသည်။

တသိမ့်သိမ့်....နွံ (Complete)Where stories live. Discover now