တသိမ့်သိမ့်....နွံ (၂၇)
အပိုင်း-၂၇မဏိကအမေ့ကိုအရင်ဆုံးဆေးခန်းအရင်ပို့ပြီးမှ..တနေရာသို့ခေါ်လာခဲ့သည်။
" ဘာလို့ဒီကိုလာတာလဲ.. ဆေးခန်းပြပြီးပြီပဲ..
အမေ့ကိုပြန်ပို့ပြီး သမီးလည်းအိမ်ပြန်ရမှာပေါ့.."" သမီးမှာပြောစရာတွေရှိတယ် အမေ.. ခဏလေး"
" အင်း အင်း..."မဏိက သူမဒုတိယကိုယ်ဝန်လွယ်ထားရကြောင်းပြောပြတော့..
" ဟုတ်လား.. နောက်ခလေးထပ်ယူဖို့ဆုံးဖြတ်ပြီးပြီပေါ့။ ကောင်းပါတယ် သားလေးသာဆိုရင်သမီးတို့မှာပြည့်စုံသွားပြီ.."
" အမေ့မှာလည်း သားကောသမီးကောရှိတာပဲလေ
အမေ့ဘဝကပြည့်စုံလို့လား..."" သမီးရယ် .. အမေ့အတွက်ကမလိုတော့ပါဘူး
ငါ့သားသမီးတွေသာပြည့်စုံရင်အမေကျေနပ်ပါပြီ..
အခုဆို ငါ့သမီးကော သားကောကအတောင်အလက်
စုံလို့ပျံသန်းနိုင်ကြပြီ.. ၊နှစ်ယောက်လုံးတခြားခလေးတွေထက်ပိုပြီးထူးထူးခြားခြားတော်ကြတယ်..
အမေဝမ်းသာတယ်လေ၊အမေ့အတွက်က ဘာထပ်လိုအုံးမှာလဲ.."" လိုသေးတာပေါ့.. သမီးတို့ကအတောင်အလက်စုံစုံနဲ့ပျံသန်းသွားတဲ့အခါ အမေကလည်းတောက်တောက်ပပနဲ့ကျန်ရစ်ခဲ့ဖို့လိုတာပေါ့။
အမေ ဒီလိုနေတာ သမီးမကြိုက်ပါဘူးဆို..
သမီးဘာလို့အိမ်ထောင်ပြုလိုက်လဲ အမေသိရက်နဲ့.."" အခုထိ အဲ့တာတွေကိုစိတ်ထဲထားတုန်းလား..
သမီး အိမ်ထောင်ကျတာပဲ လေးနှစ်ကျော်နေပြီလေ..
အခုသမီးလည်းအဆင်ပြေပြေနေနိုင်တာပဲ
ကောင်လေးကလည်းအဲ့လောက်မဆိုးပါဘူး၊ စိတ်ရင်းကောင်းပါတယ် သမီးရယ်.."" အမေမှမသိတာ.. သူကမာယာများတယ်.."
" ဟယ် အပြင်မှာပွေရှုပ်နေလို့လား.."" အဲ့တာတော့ သမီးမသိပါဘူး.."
" ဒါဖြင့် ယောက်ျားကိုဘာလို့စွတ်စွဲနေတာလဲ.."
" မစွတ်စွဲပါဘူး အမေ့သမက်ကတကယ်မာယာများတာ.. သမီးနောက်ခလေးမယူချင်ဘူးဆိုတုန်းက
အင်း တဲ့.. အခုကြ..."
မဏိက ဆက်မပြောနိုင်လို့နှုတ်ခမ်းကိုကိုက်ထားသည်။ဒီလောက်ဆို သူ့အမေကလည်းနားလည်သွားပြီမို့..
" ခလေးကဗိုက်ထဲပဲရောက်နေပြီကွယ် ငြိုငြင်တဲ့စကားတွေမပြောပါနဲ့..
သမီးတို့မှာကမပြည့်စုံတာလည်းမဟုတ်ဘူး..
လူကြားမကောင်းအောင်.."
YOU ARE READING
တသိမ့်သိမ့်....နွံ (Complete)
Romanceဒီဇတ်လမ်းလေးကတော့ ချမ်းသာတဲ့အလွှာကြားက စုံတွဲတစ်တွဲရဲ့အိမ်ထောင်ရေးပဏိပက္ခတွေအကြောင်းကိုရေးဖွဲ့ထားတာပါ။ မိန်းခလေးတိုင်းရဲ့ အိမ်မက်ကချမ်းသာတဲ့အမျိုးသားနဲ့လက်ထပ်ပြီး..ဘဝကြီးကိုငွေပုံပေါ်မှာသက်တောင့် သက်သာနေလိုတာ ချည်းပဲမဟုတ်နိုင်ပါဘူး။ ကိုယ့်ဘဝကို ကိုယ...