အပိုင်း ၁၁❤️

18.4K 630 61
                                    

တသိမ့်သိမ့်....နွံ (၁၁)
      
                             အပိုင်း-၁၁

" အခုအိမ်ရှင်မလည်းရောက်လာပြီဆိုတော့ ဒီအိမ်ကို
စီမံဖို့ သူ့ကိုပဲခိုင်းလိုက်တော့.."

နေဇာဋာက လူနှစ်ယောက်ကိုရှေ့မှာထားပြီး တစ်ယောက်ယူထားတဲ့တာဝန်ကို တစ်ယောက်ဆီသို့လွှဲလိုက်တာဖြစ်သည်။ သူပြောတဲ့ပုံစံကလုံးဝပေါ့ပေါ့ပါးပါးနဲ့ ထမင်းစား‌ရေသောက်လုပ်လိုက်သလိုပင်။

တစ်ယောက်ကကောကျေနပ်ရဲ့လား တစ်ယောက်ကကောလက်ခံရဲ့လား ဆိုတာကိုသူကလုံးဝမမှု...
သူပြောတဲ့အတိုင်း အားလုံးကလိုက်နာရမယ့်ပုံစံ။

မခိုင်ကတော့ တကယ်ကျေနပ်၍ပဲလား၊ဟန်ဆောင်‌
လိုက်တာပဲလား မသိပါ..
" ‌အင်းပေါ့.. ငါ့မောင်လည်းမိန်းမရပြီပဲ..
အခုတော့ အိမ်ကိုယောင်းမလေးကပဲစီစဉ်ရမှာပေါ့.."
ဟုခပ်ပြုံးပြုံးလေးဆိုပါသည်။

ဒီ့မတိုင်ခင် မဏိကကိုယ့်အိမ်မှာကိုယ်တောင်ဘာမှမယ်မယ်ရရတာဝန်ယူခဲ့ရတာမဟုတ်ပါ၊ အမေနေထိုင်မကောင်းမှသာ တစ်ခါတစ်လေဟင်းလေးဘာလေးဝင်ချက်ပြုတ်ပေးရတာမျိုးပဲရှိခဲ့တာလေ။

ဒါပေမယ့် မလုပ်နိုင်ပါဘူးဆိုရင်လည်း ..
' မင်းကအိမ်ရှင်မ မဟုတ်ဘူးလား' ဆို ပြီးလူရှေ့သူရှေ့မရှောင်အပြောအဆိုခံရအုံးမှာမို့၊ ဘာမှမပြောပဲငြိမ်နေလိုက်မိပါသည်။

ထိုမှစ၍ မဏိကဒီအိမ်ကြီးကိုတရားဝင်စီမံခန့်ခွဲဖို့ဖြစ်လာပါတော့သည်။
ဒီအိမ်မှာ မူလကအိမ်အကူကောင်မလေးသုံးယောက်ရယ်ခြံစောင့်လင်မယားရယ်ရှိသည်။
ခြံစောင့်လင်မယားကတော့ ခြံ‌အနောက်ဖက်မှာပဲ
အိမ်သေးသေးလေးတစ်လုံးဆောက်ပြီး‌နေကာ..
ခြံထဲမှာအမှိုက်လှဲတာတို့၊ ပေါင်းပင်ရှင်းတာ၊မြက်ခင်းပြင်ညှိတာ ပြီးတော့ကားအဝင်အထွက်မှာတံခါးဖွင့်ပေးရတာရယ်၊ ကားဆေးရတာရယ်ကိုတာဝန်ယူသည်။
ဒါကြောင့် သူတို့ကိုတော့ မဏိအနေနဲ့ထွေထွေထူးထူးစီမံပေးစရာမလိုအပ်ပေ။

ခက်တာက အိမ်အကူကောင်မလေးတွေနဲ့မဏိ နှစ်ပါးသွားရမယ့်ကိစ္စပဲ။
" ထမင်း ဟင်း ချက်တတ်လား.."
" ချက်တတ်ပါတယ်မမ.."

တသိမ့်သိမ့်....နွံ (Complete)Where stories live. Discover now