အပိုင်း ၂၂ 🖤

17.6K 704 56
                                    

တသိမ့်သိမ့်....နွံ (၂၂)
      
                             အပိုင်း-၂၂

ဒီနေ့ငုကဖုန်းဆက်ပြီး နင်အဆင်ပြေရဲ့လားဆိုတော့..
" ဘာဖြစ်လို့လဲ..."
" ပွဲဖြစ်နေတယ်လေ.."
" ဘာပွဲလဲ..."
" နတ်ကန္တားပွဲ.."
" ••••"
" ဟဲ့ မဏိရယ်နင်ဖုန်းလေးဘာလေးမကြည့်ဘူးလား.."
" ငါ့မှာကြည့်ဖို့ကိုအချိန်မရတာပါဟယ်.. ဘာဖြစ်လို့လဲ.."
" လိုင်းပေါ်တတ်ခဲ့..."

ငုကပြောတော့အွန်လိုင်းဖွင့်လိုက်တာနဲ့.. မက်ဆေ့ဂျာ
ကနေလင့်လာပို့ပါသည်။
" အဲ့တာ နင့်ယောက်ျားရဲ့ Exမလေ.."
ငုပို့လာတဲ့လင့်ထဲဝင်ကြည့်တော့ ဟို‌တလောကတွေ့လိုက်တဲ့မော်ဒယ်မင်းသမီးရဲ့ အင်တာဗျူးဖြစ်သည်။

သိတဲ့အတိုင်းမြန်မာပြည်ကအရေမရအဖက်မရမီဒီယာတွေက.. ဆယ်လီတွေရဲ့အရှုပ်တော်ပုံတွေ၊ရင်တွင်းဖြစ်တွေကို လိုက်ဗျူးပြီး ပေါက်ကရခေါင်းစဉ်နဲ့
တင်ထားတာတွေလေ။
မီဒီယာကျင့်ဝတ်လည်းမရှိ၊ တောင်စဉ်ရေမကျတွေမို့
မဏိသည် တစ်ခါမှဝင်မကြည့်ခဲ့ပါ။

အခုလည်းနေဇာဋာရဲ့Exမက ချစ်သူဟောင်းကိုမမေ့နိုင်သေးကြောင်း၊ နိုဝင်ဘာလရောက်ရင်ရူးမတတ်သတိရတာတွေကော.. Scorpio ရာသီခွင်ကိုချစ်မိလို့ ဒီလိုခံစားရတာဆိုတာတွေအပြင်...
မေးတဲ့သူကလည်းမေးချင်ရာမေး၊ ဖြေတဲ့သူကလည်းဖြေချင်ရာဖြေ၊ ကွန်မန့်တွေကလည်းမန့်ချင်ရာမန့်ကြပေါ့။
မဏိက ဆက်မကြည့်တော့ပဲ..

" ငါသူ့ကိုသိပါတယ်.. ဟိုတလောကတင်တွေ့လိုက်သေးတယ်.."
" ဟုတ်လား ဘယ်မှာတွေ့တာလဲ.."
" ငါတို့ဟော်တယ်မှာထမင်းစားပြီးပြန်အထွက်သူတို့ကလည်းအဝင်မို့ စကားရပ်ပြောကြတာ.."
" အံမယ် နင်တို့ကမတည့်ဘူးသာပြောတာ ဟော်တယ်တောင်dateလိုက်သေးတယ်..၊ခလေးကောပါရဲ့လား.."

" မပါဘူး၊ မပါဘူးဆိုတာ ငါကငါ့ဟာငါကားမောင်းသွားသင်တာလေ၊ သူကသင်တန်းကိုလာရှုပ်တာ
ပြန်တော့အတူတူမို့.."
" ဒါနဲ့ နင့်ယောက်ျားကတော်တော်စွာတယ်နော်.."
" ဘာလို့လဲ...."

>>>>>
မဏိကိုမြင်ကတည်းကဟိုတစ်ယောက်ထပြသနာရှာတော့မယ်ဆိုတာ နေဇာကလည်းကြိုသိသည်။
စည်းကမ်းမရှိ အင်တာဗျူးတွေလျှောက်ဖြေပြီး အတန်းရှင်းယူတတ်တာ အဲ့ဒီ့မိန်းမအကျင့်ပဲ..

တသိမ့်သိမ့်....နွံ (Complete)Where stories live. Discover now